Monday, January 20, 2014

နှင်းဖုံးလွင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း ဖန်တီးခဲ့သည့် ပန်းချီကားချပ်များ


အလွန်ကျယ်ပြောသော ဆီးနှင်းလွင်ပြင် တစ်ခုတွင် ဧရာမ ပန်းချီကားကြီးတစ်ချပ် ဖြန့်ကျက်ရေးဆွဲထားသကဲ့သို့ အနုပညာ လက်ရာများကို ဗြိတိန်မှ အနုပညာရှင် တစ်ဦးက ဖန်တီးပြခဲ့သည်။ ၎င်းသည် စက်ဝိုင်းများ ရေးဆွဲသည့် ကွန်ပါချွန် တစ်ခုနှင့် ကိုယ်ပိုင် ခြေထောက်များကိုသာ အသုံးပြုပြီး ခမ်းနားကြီးကျယ်သည့် ဆန်းဆန်းကျယ်ကျယ် အနုပညာ တစ်ရပ်ကို ဖော်ကျူးပြခဲ့ခြင်း ဖြစ်သည်။ ဘက်ရှိုင်းယားတွင် နေထိုင်သည့် အသက်(၅၅)နှစ်အရွယ် ဆိုင်မွန်ဘက်ခ်သည် ဆီးနှင်းပေါ်တွင် ခြေထောက်များဖြင့် ထိုးဆွပြီး ဧရာမ ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံရှိ ဆီးနှင်းဖုံး တောင်တန်းဒေသ တစ်ခုတွင် ယင်းတို့ကို ဆိုင်မွန်က ဖန်တီးပြခဲ့ခြင်း ဖြစ်သည်။ ဆိုင်မွန်အတွက် အနုပညာလက်ရာ တစ်ခုကို ဖန်တီးရန် (၁၀)နာရီမျှ အချိန်ယူရသည်။ ထို့အပြင် ယင်းကဲ့သို့ ဖန်တီးမှု တစ်ခုအတွက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရသည့် ခရီးတာသည် ကီလိုမီတာ (၄၀)မျှထိ ရှိနေတတ်ကြောင်းလည်း သိရသည်။ လတ်လတ်ဆတ်ဆတ် ကျဆင်းထားသော နှင်းလွင်ပြင်ပေါ်တွင် လမ်းလျှောက်ရင်း နှင်းများကို ခြေထောက်နှင့် ယက်ထုတ်ကာ ဆိုင်မွန်က ပုံဖော်လေ့ရှိသည်။ ထိုကဲ့သို့သော စိတ်ကူးပုံဖော်မှုတိုင်းအတွက် ၎င်းသည် ကွန်ပါချွန်နှင့် နှင်းစီးဖိနပ်များကိုသာ အသုံးပြုခဲ့သည်။

ဆိုင်မွန်သည် သင်္ချာဘာသာရပ်ဆိုင်ရာ တွက်ချက်မှုများဖြင့် ထိုပုံများကို စကေးကိုက် ဖန်တီးခဲ့ခြင်းလည်း ဖြစ်သည်။ "အဲ့လ်ပ်စ်တောင်တန်းတွေကို ကျွန်တော် လာလည်တဲ့အခါတိုင်း ဒီက တောင်စောင်းတွေရဲ့ အခြေအနေကို သဘောကျခဲ့ပါတယ်။ နောက်တော့ ဒီဇိုင်းတစ်ခုခုဖော်ပြီး ဓာတ်ပုံရိုက်ဖို့ စိတ်ကူးမိလာတယ်။ ကျွန်တော့် ရေးဆွဲမှုတွေက သိပ်ပြီး အဆန်းထွင်ထားတာတော့ မရှိပါဘူး။ သင်္ချာဘာသာရပ်နဲ့ ဆက်စပ်နေတဲ့ ပုံရိပ်မျိုးတွေပဲ အသုံးများတာပါ။ ဘာပဲဖြစ်ဖြစ် ဒီဇိုင်းတစ်ခုကိုတော့ နာရီပေါင်း တော်တော်ကြာအောင် လုပ်ယူရတယ်"ဟု ဆိုင်မွန်က ရှင်းပြသွားခဲ့သည်။









ref: planet.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...