
Doctor Fish လို့ခေါ်တဲ့ ငါးသဖွဲတစ်မျိုး Garra rufa ငါးကို အသုံးပြုလို့ ဖွင့်လှစ်တဲ့ Spa ဖြစ်ပါတယ်။
ယင်း ငါးဆရာဝန်မှာ သွားမပါပါဘူ။ ဒါကြောင့် အသားကို ပါးစပ်နဲ့ စုပ်လိုက်၊ ပြန်ထုတ်လိုက် လုပ်ပါတယ်။ ဒီနည်းလမ်းကြောင့်မို့ ခြေထောက် အကြောများ ကို နှိပ်နှယ်ပေးသလို ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတာ ကတော့ လန် ဒန်မြို့ က ငါးနှိပ်ခန်း Spa တစ်ခုမှာ ဖြစ်ပါတယ်။ Rufa ငါးအကောင် ၁၅၀ ပါဝင်တဲ့ ရေကန် ထဲကို ခြေထောက်ကို ထည့်ပြီး ယခုလို အနှိပ်ခံနေကြပါတယ်။
ယင်း အလေ့အထက်ရဲ့  အစက ဂျပန်ဖြစ်ပါတယ်။ ဂျပန်ပြီးတော့ အခြားသော အာရှနိုင်ငံများ မှာပါ ပြု လုပ်ပြီး ဥရောပ၊ အမေရိက ထိကို ကူးဆက် သွားပါတယ်။ အချို့ ဆို တစ်ကိုယ်လုံးကို အနှိပ်ခံတဲ့ အထိ ပြု လုပ် ပါတယ်။ ယင်း ငါးများရဲ့  နှိပ်နှယ်ပေးမှုကြောင့် အကြောသေခြင်း၊လေဖြတ် ခြင်းတို့ မှ ပြန် လည်ကောင်းမွန်လာတဲ့ လက်တွေ့ သာဓကများ ရှိကြောင်း သိရပါတယ်။
From:ရိုးရာလေး

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။