
ကနေဒီယန် ပန်းချီအနုပညာရှင် Stephen Lund သည် အများနှင့်မတူသော စိတ်ကူးစိတ်သန်းများဖြင့်
ပန်းချီရေးဆွဲရန် စိတ်ကူးခဲ့ပါသည်။ သူ၏စိတ်ကူးမှာ ဂြိုလ်တုလမ်းပြစနစ်ဖြစ်သော GPS ကို
အခြေခံကာ စက်ဘီးစီးရင်း အလွန်ကြီးမားသော ပုံကြီးများကို ရေးဆွဲရန်ပင်ဖြစ်ပါသည်။
ထိုသို့သူ၏စက်ဘီးကို အသုံးပြုလှည့်လည်နင်းကာ GPS ပေါ်တွင် ပေါ်နေသော မျဉ်းအနီများကို
အသုံးပြုပြီး ကျော်ကြားသော နိုင်ငံ အထိမ်းအမှတ်ရုပ်ပုံများ နှင့် အခြားသော ပုံကြမ်းများကို
မြောက်များစွာ ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။

သူသည် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှအစပြုကာ စက်ဘီးဖြင့် မြို့အနှံ့ပတ်ကာ GPS နည်းပညာဖြင့်
Happy 2015 ဟုပုံပေါ်အောင် စတင်ရေးသားခဲ့ပါသည်။ ထို့နောက်ပိုင်းတွင် အခြားသောပုံများကို
ဆက်တိုက်ရေးဆွဲ မှတ်တမ်းတင်ခဲ့ပါသည်။ သူစက်ဘီးနင်းရင်းရေးဆွဲခဲ့သော ပမာဏသည်
၂၂ ၃၃၀ ကီလိုမီတာအထိရှိပြီး ပုံပေါင်း ၇၀ ကျော်ပါပြီ။အချို့သောပုံများသည် အလွန်ကိုလက်ရာ
မြောက်ပြီး ဖန်တီးရန်လည်းခက်ခဲပါသည်။သူ၏ ဖန်တီးထားသောပုံအချို့ကို ကြည့်လိုက်ကြပါအုံးနော်။



ဘရာဇီးနိုင်ငံမှ နာမည်ကျော် ခရစ်တော်ရုပ်ထုပုံစံ (1 h 20 min , 25.8 km)

ဗစ်တိုးရီးယားဘုရင်မ ( 56 min , 15.7 km )

ရှုပ်ထွေးလှသော ၀င်္ကပါပုံစံ ( 3 h 44 min , 76.7 km )





GPS ကိုအသုံးပြုကာ အကြီးမားဆုံးနှင့် ခရီးအကွားအဝေးအဝေးဆုံးရေးဆွဲနိုင်သူ အဖြစ်
ကမ္ဘာ့ဂင်းနစ်မှတ်တမ်းတွင် သတ်မှတ်ခံရသူမှာ ဂျပန်လူမျိုး Yasushi Takahashi ဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံး GPS ဖြင့် ပုံဆွဲသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ဂင်းနစ်မှတ်တမ်းဝင်Yasushi Takahash ၏ ပုံ
သူသည် ဂျပန်နိုင်ငံမှ ကျွန်းမကြီး လေးကျွန်း ကိုအကုန်နှံအောင်သွားကာ MARRY ME ဟူသော
စာတမ်းနှင့် အသဲပုံ တစ်ခုကို ရေးဆွဲခဲ့ပါသည်။ သူ၏ချစ်သူကို ထူးထူးခြားခြားလက်ထပ်ခွင့်
တောင်းခံခြင်းဟုသိရပါသည်။ထိုကဲ့သို့ပုံပေါ်ရန် နှစ်ဝက်လောက်အတွင်းတွင် ၇ ၁၆၃.၇ ကီလိုမီတာ
ခရီးကိုသွားခဲ့ရပါသည်။ တောင်တွေကိုကျော်ဖြတ်ခဲ့ရသလို ပင်လယ်တွေကိုလည်း ခက်ခဲစွာ
ဖြတ်သန်းခဲ့ရပါသည်။ သူသည် ကား ၊ ကူးတို့လှေ ၊ စက်ဘီး နှင့် နောက်ဆုံး ခြေလျှင်ခရီးပါ
သွားခဲ့ရပါသည်။
Stephen Lund ၏သွားခဲ့သော ခရီးသည် ပိုများသော်လည်း ထိုအကွာအဝေးသည် ရေးဆွဲခဲ့သော
ပုံများအားလုံးကိုပေါင်းထားခြင်းဖြစ်ပါသည်။တစ်ခုခြင်းဆိုလျှင် Yasushi Takahashi ကို မမှီသေးပါ။
သို့သော် Lund ၏အဓိက ဖန်တီးမှုမှာ စိတ်ကူးဆန်းသစ်သောပန်းချီရေးဆွဲခြင်းဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

နောက်ထပ်လည်းဆက်တင်ပါဦး
ReplyDeleteဟုတ်ကဲ့ပါ
Delete