Tuesday, August 15, 2017

သဘာဝနှင့် လိုက်ဖက်သော ပုံသဏ္ဍာန်ရှိသည့် တိရိစ္ဆာန်များ

ကျွန်တော်တို့ ကမ္ဘာလောကကြီးရှိ သတ္တ၀ါများ အားလုံးသည် သဘာဝတရားနှင့် လိုက်ဖက်စွာ နေထိုင်အသက်ရှင်ရန် ဖွဲ့စည်းမှုပုံသဏ္ဍာန်များ ရှိတတ်ကြပါသည်။ ထိုသို့ သီးခြားလိုက်ဖက်သော ပုံစံအားဖြင့် ဖြစ်စေ ၊ အမွှေးအတောင် အသားအရေ အရောင်များဖြင့် ဖြစ်စေ မိမိကို အန္တရာယ်ပေးနိုင်သည့် အရာများကို ရှောင်ပုန်ခြင်း ၊ အနိုင်ယူခြင်းတို့ကို ပြုလုပ်နိုင်ကြပါသည်။ ထိုသို့ သဘာဝကပေးထားသော လက်ဆောင်များကို ကိုယ်စီရရှိထားကြပြီး မိမိတို့ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားလေ့ ရှိကြပါသည်။ ယခုနေခရမ်းတင်ပြမည့် တိရိစ္ဆာန်များကတော့ သဘာဝမှ ပေးထားသော ထူးခြားသော ပုံသဏ္ဍာန်နှင့် အသွေးအရောင်ရှိကြသော တိရိစ္ဆာန်များကို စုစည်းတင်ပေးလိုက်ခြင်းဖြစ်ပါသည်။ တစ်ချို့ တိရိစ္ဆာန်လေးများမှာ အမှန်ပင် ထူးခြားသော ပုံစံ နှင့် အသွေးအရောင်ရှိကြပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ထပ်တူကျနေကြပါသည်။

Dead Leaf Butterfly

သစ်ရွက်ခြောက်ပုံစံရှိ လိပ်ပြာလေး ဖြစ်ပါသည်။ အရောင်အသွေးစုံလင်လှပစွာ ရှိတတ်ကြသော လိပ်ပြာမျိုးများစွာ ရှိပေမယ့် ထိုလိပ်ပြာလေးရဲ့ ပုံစံကတော့ အမှန်ပင်ထူးခြားလှပါတယ်။

Leafy Seadragon

ရေအောက်ကမ္ဘာရှိ ရေမှော်ပင်များနှင့် ပုံစံတူနေသော ရေနဂါးလေးတစ်ကောင်ပါ။ ဒီအကြောင်းကို သီးခြားရေးတင်ပေးဖူးပါတယ်။သြစတြေးလျ သန္တာကျောက်တန်း ၊ ကျောက်ဆောင်တွေမှာ နေထိုင်ကြပါသည်။ တွေ့ရခဲသော ရှားပါးရေနေသတ္တ၀ါ တစ်မျိုး ဖြစ်ပါသည်။

Leaf Butterfly

ကြည့်လိုက်လျှင် သာမာန် သစ်ရွက်စိမ်းတစ်ရွက်လို့ ထင်စရာရှိပါတယ်။ လိပ်ပြာရယ်လို့မဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။ တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။
walking leaves လို့လည်းခေါ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ပုံစံချင်းလည်း မတူပါဘူး။ အကောင်လို့တောင် ထင်ချင်စရာ မရှိပဲ အရွက်များနဲ့ စုဖွဲ့ထားတဲ့ Phyllidae ကို ယခုလို မြင်တွေ့ ရပါတယ်။

Leaf Tailed Gecko

သစ်ပင်အရောင်နဲ့ တစ်သားတည်းကျနေသော တောက်တဲ့တစ်မျိုးပါ။

Vietnamese Mossy Frog

ရေညှိတတ်နေသည့် ပုံစံအရောင်ရှိ ဖားတစ်မျိုး ဖြစ်ပါတယ်။

Stone Fish

ပုံစံကိုက တွေ့မြင်နေကျပုံစံမျိုး မဟုတ်ဘဲ ကျောက်တုံးနဲ့ မှားနိုင်တဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။
ထိုကျောက်ငါးသည်လည်း ကမ္ဘာ့အဆိပ်ပြင်းငါးတစ်မျိုး ဖြစ်ပါသည်။ သူ၏အဆိပ်မိသွားပါက အထိတ်တလန့် ဖြစ်ကာ တစ်ရူးများသေဆုံးစေပါသည်။
နာရီအနည်းငယ်အတွင်း နီးစပ်ရာ ဆေးရုံများကို မရောက်ရှိ ၊ ဆေးကုသမှု မပြုနိုင်ပါက
အသက်သေဆုံးရတတ်ပါသည်။  ပိစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာ အပူပိုင်းရေတိမ်သောနေရာနှင့် ပင်လယ်နီ သောင်ခုံကျောက်တန်းများ တွင် တွေ့ရှိရပါသည်။

Giant Millipede,Horned Frog Among Borneo Finds.

နောက်ထပ်ပုံစံ ထူးခြားတဲ့ ဖားတစ်မျိုးပါ။

Great Rockfish
နောက်ထပ် ပုံစံထူးခြားတဲ့ ငါးတစ်မျိုး ဖြစ်ပါတယ်။


Butterfly
အရောင်အသွေး စုံလင်လှပတဲ့ လိပ်ပြာမျိုးပေါင်း များစွာ ရှိကြပါတယ်။ တစ်ချို့လိပ်ပြာများကတော့ သူတို့ နေထိုင်ရာ ပန်းပင်အရောင်များနှင့် ခွမြရအောင် တစ်သားတည်း ရှိတတ်ကြပါတယ်။

Thorny Devil
ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဆူးအတောင်များနဲ့ Thorny Devil အကောင်လေးများသည် ကမ္ဘာဦး သတ္တ၀ါများလားဟု ထင်မှတ်စရာပါ။

Perinet Chameleon
ပုတ်သင်ညို အရောင်ပြောင်းကြတာတော့ တော်တော်များများ မြင်ဖူးကြားဖူးကြမှာပါ။ အခု ပုတ်သင်ညိုလေးကတော့ အစိမ်းရောင် သစ်ရွက်တွေကြားမှာ ကိုယ်ရောင်ဖြောက်နေနိုင်ပါတယ်။

Goldenrod Crab Spider
အ၀ါရောင် တောက်တောက် ဂဏန်းပင့်ကူလေး ဖြစ်ပါတယ်။

Mediterranean Octopus

Uroplatus phantasticus
သေချာကြည့်ရင်တောင် သတိမထားမိသူဖို့ သစ်ရွက်ခြောက် လို့ပဲ ထင်စရာ ရှိပါတယ်။ အမှန်တော့ သူက တောက်တဲ့မျိုးဝင်တဲ့ သစ်ရွက်ခြောက် တောက်တဲ့ (Uroplatus phantasticus) ဖြစ်ပါတယ်။  မဂါဒတ်စကားနိုင်ငံမှာပဲ ရှိတဲ့ တောက်တဲ့ ဖြစ်ပါတယ်။ မဂါဒတ်စကား နိုင်ငံ ဆိုတာ အာဖရိကတိုက် အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ တွင်းက ကျွန်းစု နိုင်ငံ ဖြစ်ပါတယ်။ ဘယ်နေရာမှာမှ မတွေ့ရပဲ ယင်းကျွန်းမှာသာ ရှိတဲ့ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။  အရှည်အားဖြင့် ၂.၅ ကနေ ၆ လက်မအထိသာ အရှည် ရှိနိုင်တဲ့ တောက်တဲ့ ဖြစ်ပါတယ်။ 
သူ့ရဲ့  ထူးခြားတဲ့ အသွင် သဏ္ဍန်ကြောင့် လိုချင်သူများပြားပြီး ဈေးကြီးပေး ရောင်းဝယ်ကြပါတယ်။ ဆေးဝါးအဖြစ် လည်း သုံးစွဲသလို အိမ်မွေးတိရစ္ဆာန်အဖြစ်လည်း မွေးမြူကြပါတယ်။  ဒါကြောင့် သူ့ကို ကမ္ဘာ့အလိုရှိဆုံး သတ္တဝါမျိုးစိတ် တစ်ခုအဖြစ် မှတ်တမ်းတင် ထားတယ်လို့ သိရပါတယ်။
 
Tawny Frogmouth
အရောင်မှိုင်းမှိုင်းဖြင့် ပုံစံရော နာမည်ရော ထူးခြားသည့် တိရိစ္ဆာန်ဖြစ်ပါတယ်။
 
Moth

Eastern Screech Owl
 
Western Diamondback Rattlesnake
 
Turtle

Jaguar
 













သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...