Wednesday, May 9, 2018

၁၉၇၀ နောက်ပိုင်း ကမ္ဘာ့ရေနေသတ္တ၀ါမျိုးစိတ် ထက်ဝက်လျော့


          ၁၉၇၀ နောက်ပိုင်း ကမ္ဘာတစ်ဝန်း ရေနေသတ္တ၀ါမျိုးစိတ် (၄၉) ရာခိုင်နှုန်း လျော့ကျသွားကြောင်း အစီရင်ခံစာ တစ်ရပ်က ဆိုလိုက်သည်။
          လူသားများက အစာအဖြစ် မှီခိုနေသည့်  တူနာငါးကဲ့သို့ မျိုးစိတ်များသည် အခြေအနေ ပိုဆိုးပြီး(၇၄) ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။ လူသားများ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် ရေနေသတ္တ၀ါမျိုးစိတ်များ လျော့နည်း သွားရသည့် အဓိက အချက် နှစ်ချက်ဟု အစီရင်ခံစာက ထောက်ပြသည်။
          အစီရင်ခံစာကို ကမ္ဘာ့တောရိုင်း သက်ရှိများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (WWF) နှင့် လန်ဒန် ဇီဝဗေဒ အသင်းကြီးတို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။
          ''လူတွေ ငါးအလွန်အကျွံ ဖမ်းဆီးနေတာဟာ ငါးမျိုးစိတ်တွေ ကုန်ခမ်းသထက် ကုန်ခမ်းသွားအောင် လုပ်နေရာ ရောက်ပါတယ်'' ဟု WWF အကြီးအကဲ မာကိုလမ်းဘာ့တီနီက ပြောသည်။ ရေနေမျိုးစိတ် အများစုကြီး အတွက် မှီခိုရာဖြစ်သော ပင်လယ်ရေညှိများ၊ ဒီရေတောများ ပျက်စီးခြင်းသည်လည်း ရေနေသတ္တ၀ါ ပမာဏကျဆင်းခြင်း အကြောင်းရင်း တစ်ချက် ဖြစ်သည်။

          လေထုညစ်ညမ်းစေသော ကာဗွန်ဒိုင် အောက်ဆိုက်များ လေထုထဲ ပိုများလာခြင်းကြောင့် ပင်လယ် ရေပြင်သည်လည်း ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိုမိုစုပ်ယူလာရရာ ပင်လယ်ရေသည် အက်စစ်ဓာတ် ပိုပြီး ပြင်းထန်လာခြင်း ရလဒ်အဖြစ် ရေနေသတ္တ၀ါ မျိုးစိတ်များစွာ ရှင်သန်ရန် မဖြစ်နိုင်တော့သော အနေအထားသို့ ရောက်လာရကြောင်း အစီရင်ခံစာက ထောက်ပြသည်။
          အစီရင်ခံစာ ပြုစုသော သုတေသီ အဖွဲ့သည် ပြီးခဲ့သည့် (၄၅) နှစ်အတွင်း မျိုးစိတ်ပေါင်း (၁၂၀၀) ကျော်၏ တည်မြဲမှု မျိုးသုဉ်းမှုများကို လေ့လာထားခြင်း ဖြစ်သည်။
Source: BBC
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...