Wednesday, May 9, 2018

လေနဲ့ (၉၉ ဒသမ ၉၉) ရာခိုင်နှုန်း ဖွဲ့စည်းထားသော အမာဆုံးသတ္တု ဘိုးရင်းပြသ


            ကမ္ဘာ့ အပေါ့ဆုံး ဖြစ်သလို၊ အခိုင်မာဆုံးလည်း ဖြစ်သော သတ္တုသစ်တစ်မျိုးကို ဘိုးရင်းလေယာဉ် ကုမ္ပဏီက ထုတ်ဖော် ပြသလိုက်သည်။ ထိုသတ္တု၏ တည်ဆောက်ပုံသည် (၉၉ ဒသမ ၉၉) ရာခိုင်နှုန်း လေချည်းဖြစ်သည်။
           မိုက်ခရိုလက်တစ် သတ္တုဟု နာမည်ပေးထားသည်။ ထိုသတ္တုသည် လေတမျှ ပေါ့ပါးသည့်တိုင် ခိုင်မာမှုသည်လည်း အားကောင်းလှသဖြင့် ကြက်ဥ တစ်လုံးကို ထိုသတ္တုလွှာနဲ့ ပတ်သတ်ပြီး (၂၅) ထပ် တိုက်ပေါ်က ပစ်ချလိုက်လျှင်ပင် ထိုကြက်ဥ မကွဲကြောင်း သိရသည်။
           ထိုသတ္တုကို ဘိုးရင်းနှင့် တွဲဖက် လုပ်ကိုင်နေသော HRL နည်းပညာ သုတေသန လုပ်ငန်းက ဖန်တီးထားခြင်း ဖြစ်သည်။ အနာဂတ် လေယာဉ်များ၏ ကြမ်းခင်းများ၊ ထိုင်ခုံ ကိုယ်ထည်များ၊ လေယာဉ်နံရံများတွင် မိုက်ခရိုလက်တစ် သတ္တုကို အသုံးပြုခြင်းဖြင့် လေယာဉ်၏ အလေးချိန်ကို သိသိသာသာ လျှော့ချပစ်လိုက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

            HRL သည် နာဆာနှင့်လည်း ပူးပေါင်း ဆောင်ရွက်ကာ အနာဂတ် အာကာသယာဉ်များကို အပေါ့စား သတ္တုပစ္စည်းများဖြင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသည်။ မိုက်ခရို လက်တစ်သတ္တုသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသော အမျှင်များဖြင့် ဖွဲ့စည်းထားပြီး အတွင်းပိုင်းတွင် ကားအခေါင်းပေါက် သက်သက် ဖြစ်သည်။ ချိတ်ဆက် ဖွဲ့တည်နေသော အမျှင်များသည် လူ့ဆံပင်လုံးပတ်၏ တစ်ထောင်ပုံ တစ်ပုံသာ ရှိသည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...