Wednesday, May 9, 2018

မျောက်လွှဲကျော်များလည်း တန်းစီတတ်ကြောင်း လေ့လာတွေ့ ရှိ


          ဈေးဝယ်စင်တာများတွင် ကော်ဖီဝယ်ရန် သို့မဟုတ် ငွေရှင်းရန် လူအများစုသည် တန်းစီပြီး စောင့်ဆိုင်း တတ်ကြသည်။ သို့သော် လူသားများသာ တန်းစီတတ်ခြင်း မဟုတ်ကြောင်း လေ့လာမှု တစ်ခု အရ သိရှိခဲ့ရပြီ ဖြစ်သည်။
          နမီးဘီးယား နိုင်ငံ အမျိုးသား ဥယျာဉ်ရှိ မျောက်လွှဲကျော် များသည် အစားအစာကို ယူရာတွင် တန်းစီ တတ်ကြကြောင်း လေ့လာတွေ့ရှိ ခဲ့သည်။ မျောက်လွှဲကျော် များသည် တစ်ကောင်နှင့် တစ်ကောင် ခင်တွယ် တတ်ပြီး ကစားရင်း၊ သန်းရှာရင်းဖြင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်တတ် ကြကြောင်း ပညာရှင် များက ဆိုသည်။
          ကိမ်းဘရစ်ဂ်ျ တက္ကသိုလ်မှ ဇီဝ ဗေဒပညာရှင် တချို့သည် နမီးဘီးယား ဆောက်ဘီ သဘာဝ ဥယျာဉ်ရှိ မျောက်လွှဲကျော် အုပ်စု နှစ်စုအား ၂၀၁၄ ခုနှစ် မေမှ ဇွန်အထိ လေ့လာမှု ပြုလုပ် ခဲ့သည်။ မျောက်လွှဲကျော် အုပ်စု ထဲတွင် အဆင့်နိမ့်ပြီး ငယ်ရွယ်ကာ ရှက်တတ်သော မျောက်များသည် အစားအစာကို ဦးစွာ စားခွင့်မရှိဘဲ အခြား မျောက်ကြီးများ စားပြီးမှသာ စားရတတ်ကြောင်း၊ ယင်းကဲ့သို့ အစားအစာကို ယူရာ တွင်လည်း အဆင့် အလိုက် တန်းစီပြီးမှ ယူလေ့ ရှိကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

          မျောက်ထီးကြီးများသည် အစားအစာ များကို လက်ဝါးကြီး အုပ်ထား တတ်ပြီး ၄င်းစားသောက်ပြီး မှသာ မျောက်မများ၊ အရွယ်ရောက်စ မျောက်ထီးများနှင့် မျောက်မများက အစာကို တန်းစီယူကာ စားကြ ရသည်။ ထို့ပြင် အဆင့်နိမ့်သော မျောက်မ များသည် အစားအစာကို ယူပြီးနောက်တွင် အစားအစာ ရှိရာ နေရာမှ အမြန်ဆုံး ထွက်ခွာသွားလေ့ ရှိတတ်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဒေါက်တာ အလီရှားကာတာက ပြောဆို ခဲ့သည်။
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...