Tuesday, April 9, 2013

ခွဲစိတ် ကုသမှုကြောင့် မျက်နှာပြင် တစ်ခြမ်း ဆုံးရှုံးသွားခဲ့သည့် အမျိုးသားတစ်ဦး အတွက်3D မျက်နှာပြင် ဗြိတိသျှ ဆရာဝန်များ ဖန်တီး


လန်ဒန်  ဧပြီ  ၂
လွန်ခဲ့သော လေးနှစ်ခန့်က ဗြိတိန် နိုင်ငံမှအဲရစ် မော်ဂျာအမည်ရှိ အမျိုးသားတစ်ဦး၏ မျက်နှာပြင် အရေပြားအောက်တွင် တင်းနစ်ဘောလုံး အရွယ်ရှိ အသားပိုများ ထွက်ရှိလာမှုကို ဆရာဝန်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းအသား ပိုများအား အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ ခွဲစိတ် ကုသမှုပြုရာတွင် ဆရာဝန်များက အဆိုပါ အမျိုးသား၏ မျက်နှာဘယ်ဘက်ခြမ်းရှိ မျက်လုံး၊ ပါးစောင်ရိုးနှင့် မေးရိုးများ ဖယ်ရှားပစ်ခဲ့ရသည်။
ယခုအခါ ခွဲစိတ် ဆရာဝန်များသည် ထိုအမျိုးသား၏ ကျန်ရှိသည့် အရိုးများအား စကင်ဖတ်ပြီး ကွန်ပျူတာအား အသုံးပြု၍ ၎င်းမျက်နှာသည် မည်သို့မည်ပုံ ရှိမည်ကို တွက်ချက်၍  ၎င်းအားမျက်နှာအတု တပ်ဆင်ပေးရန် အတွက် သုံးဖက်မြင် ပုံရိပ်စနစ် (၃ီ) ဖြင့် ၎င်း၏မျက်နှာအား ပုံဖော်ခဲ့ကြသည်။ ထို့နောက် ၎င်းစနစ်ဖြင့် ဖန်တီး ပြုလုပ်ထားသော မျက်နှာအတုအား ထိုအမျိုးသားသို့ တပ်ဆင်ပေး ခဲ့သည်။ 3D  စနစ်ဖြင့် ထိုသို့ မျက်နှာပြင် ပုံဖော်မှုသည်  ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။မော်ဂျာသည် ၎င်း၏ မျက်နှာအား ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီးချိန်တွင် ၎င်းအနေ ဖြင့် ရေတစ် ခွက် သောက်လိုက်ပါက ရေများသည် မျက်နှာပြင်ပေါ်မှ ပြန်လည် စီးကျသွားလေ့ ရှိသော်လည်း ယခုအခါတွင် ၎င်းမျက်နှာဖုံးအား တပ်ဆင်၍ ရေသောက်နိုင်ပြီ ဖြစ်ကြောင်း ၎င်းကပြော ကြားခဲ့သည်။ ထိုသုံးဖက်မြင် မျက်နှာဖုံးအား ဒိုင်စန် နည်းပညာ ကုမ္ပဏီက ထုတ်လုပ် ပေးခဲ့ခြင်းဖြစ်ပြီး သုတေသန အဆင့်တွင်သာ ရှိသေးသည့် အတွက် ဆေးပညာ လောကသို့ ဖြန့်ဖြူးပေးခြင်းမရှိ သေးကြောင်း သိရသည်။  ၎င်းသုံးဖက် မြင် နည်းပညာအား   သွားစိုက်ကု ဆရာဝန်တစ်ဦး ဖြစ်သည့် ဒေါက်တာ အန်ဒရူး ဒေဝုဒ်က လွန်ခဲ့သော နှစ်များအတွင်း ၎င်း၏ လူနာစုံတွဲအား မေးရိုးအစားထိုး ကုသရန်အတွက်  စမ်းသပ် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...