Tuesday, April 9, 2013

လူမျက်နှာ အရွယ်အစားရှိ အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုး သီရိလင်္ကာ နိုင်ငံတွင် တွေ့ရှိ


ကိုလံဘို  ဧပြီ  ၅
လူမျက်နှာ အရွယ်အစား ရှိသော Ta-Rantula အမျိုးအစား အဆိပ်ရှိ ပင့်ကူ မျိုးစိတ်သစ် တစ်မျိုးကို သီရိ လင်္ကာ နိုင်ငံတွင် ဇီဝမျိုးကွဲ လေ့လာရေးနှင့် သုတေသန အဖွဲ့ (BER) မှ သိပ္ပံပညာရှင် များက ရှာဖွေတွေ့ရှိ ခဲ့ကြသည်။
အဆိုပါ ပင့်ကူ၏ ခြေထောက်များသည် ၂ဝ စင်တီမီတာအထိ ရှည်လျားပြီး ၎င်းပင့်ကူကြီး၏ အမည်ကို သုတေသန အဖွဲ့အား လမ်းပြပေးခဲ့သော ထိပ်တန်း ရဲအရာရှိ မိုက်ကယ်ရာဂျာ ကူမာပူရာ ဂျက်ရှ်ကို ဂုဏ်ပြု သောအားဖြင့် Poecilotheria rajaei ဟု အမည် ပေးထားကြောင်း သိရသည်။

အဆိုပါ ပင့်ကူများသည် အရောင်အသွေး စုံလင်စွာရှိပြီး လှုပ်ရှားမှု မြန်ဆန်သည့်အပြင် အဆိပ်ရှိသည့် သတ္တဝါ တစ်မျိုး ဖြစ်သည်။
ယခု ရှာဖွေတွေ့ရှိသော မျိုးစိတ်သည် ကမ္ဘာ့ အကြီးဆုံး ပင့်ကူ မျိုးစိတ်များ အနက် တစ်ခု အပါအဝင် ဖြစ်သော The Goliath bird-eater အမျိုးအစားတွင် ပါဝင်ပြီး တောင်အမေရိက တိုက်ရှိ tarantula အမျိုး အစားနှင့် ဆက်စပ်မှု ရှိကြောင်း သုတေသန ပညာရှင်များက ပြောကြားသည်။ သီရိလင်္ကာ နိုင်ငံတွင် ယခု တွေ့ရှိသော အဆိုပါ taran-Tula ပင့်ကူသည် လူကို သေစေနိုင် လောက်အောင် အဆိပ် ပြင်းထန်လှသော် လည်း ၎င်းသည် ကြွက်၊ အိမ်မြှောင် များ၊ သေးငယ်သော ငှက်များနှင့် မြွေများကိုသာ စားသောက်နိုင်စွမ်း ရှိကြောင်း သိရသည်။
ref: မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...