Tuesday, April 9, 2013

မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှု


ရုရှားနိုင်ငံ အရှေ့ဖျားဒေသရှိ ပလိုစကီတိုလ်ဘာချစ်ခ် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ခရီးသွားဧည့်သည်များ စွန့်စွန့်စားစား သွားရောက်ကြည့်ရှုနေသည်ကို ရုရှားဓာတ်ပုံဆရာ ဒင်းနစ်ဘူနောဖ်က မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဘူနောဖ်သည် မီးတောင်ပေါက်ကွဲမှုကဲ့သို့ ထူးဆန်းအံ့သြဖွယ် ဖြစ်ရပ်များကို လှည့်လည်ရှာဖွေကာ ဓာတ်ပုံရိုက်ကူးသူ ၀ါသနာရှင်တစ်ဦးဖြစ်သည်။
သို့သော် ၎င်းပလိုစကီတိုဘာချစ်ခ် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် အခြားခရီးသွားဧည့်သည်များက အသက်အန္တရာယ်ကို မမှုဘဲမီးတောင် ပေါက်ကွဲမှု ဖြစ်ပွားရာ ချော်ရည်စီးကြောင်းအနီး ပျော်ရွှင်စွာသွားရောက် ကြည့်ရှုနေသည်ကို တွေ့ရသည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...