Tuesday, April 9, 2013

၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော ကလေးကြီး ဗြိတိန်၌ဖွားမြင်


အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း ဂလော်စတာရှိုင်းယားပြည်နယ် ချယ်လ်တင်ဟမ်မြို့တွင် ၁၅ပေါင်နှင့် ၇အောင်စ အလေးချိန်ရှိသော အံ့ဖွယ်ကလေးကြီးကို ဖွားမြင်ခဲ့သည်။ ဂျော့ခ်ျအမည်ရှိ ၎င်းကလေးသည် ဖွားမြင်စဉ်ကပင် ၂ပေနှင့်၂လက်မ ရှည်လျားပြီး အသက်ရှင်လျက် ဖွားမြင်နိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း စိန့်မီလ်ရှယ်ဆေးရုံမှ သားဖွားဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
ဂျော့ခ်ျအားဖွားမြင်ပြီး စိန့်မီလ်ရှယ်ဆေးရုံတွင် ငါးပတ်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာခဲ့ပြီး ကလေးရော မိခင်ပါ ကျန်းမာလျက်ရှိကြောင်း သိရသည်။ မွေးဖွားပြီးပြီးခြင်းတွင် ခြောက်လသားအရွယ် ကလေးဝတ်အင်္ကျီများကို ၀တ်ဆင်ပေးခဲ့ရသည်။ဂျော့ခ်ျကိုဖွားမြင်ရာ၌ သေမင်းနှုတ်ခမ်းပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားရပြီး ၎င်းကျန်းမာရေးအခြေအနေ ကောင်းမွန်မှုအပေါ် ဘုရားသခင်အားအထူးပင် ကျေးဇူးတင်ရှိကြောင်း အသက်၂၁အရွယ်ရှိ ၎င်း၏မိခင်က ပြောကြားသွားခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...