Tuesday, April 9, 2013

စပိန်နိုင်ငံရှိ အယ်လ်ဟီယာရိုကျွန်း ငလျင်လှုပ်ရှားမှုကြောင့် ရွေ့လျားလျက်ရှိဟု ဆို


မက်ဒရစ်   ဧပြီ   ၁
မကြာသေးမီ ရက်ပိုင်းအတွင်းက မြေငလျင် လှုပ်ခတ်မှုကြောင့် စပိန်နိုင်ငံရှိ အယ်လ်ဟီယာရို ကျွန်းသည်
အရှေ့ဘက်သို့ ရွေ့လျား သွားပြီး ၁၁ စင်တီမီတာ အမြင့်သို့ မြင့်တက် သွားကြောင်း ပြည်တွင်း သတင်း ဌာနက မတ် ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
၎င်းကျွန်းသည် အာဖရိကတိုက်၏ အနောက်ဘက်စွန်းရှိ ကနေရီ ကျွန်းစု၏ အနောက်ဘက် ဆုံးတွင် တည်ရှိပြီး ၂ဝ၁၁ ခုနှစ်တွင် ရေအောက် မီးတောင် ပေါက်ကွဲမှု ကြောင့် မြေငလျင်များ လှုပ်ခတ်ခဲ့ရာမှ စတင် ရွေ့လျားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြင်းအား ၄ ဒသမ ၇ ရစ်ခ်ျတာ စကေးရှိ အဆိုပါ ငလျင်သည် ကျွန်း၏ အနောက်ဘက်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ထိုကျွန်းတွင် မှီတင်း နေထိုင်နေကြသည့် လူပေါင်း ၁ဝဝဝဝ ခန့်အား ရွှေ့ပြောင်း ပေးခဲ့ရပြီး ငလျင်ဒဏ်ကြောင့် ကျွန်းသည် အရှေ့ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွား ခဲ့ကြောင်းနှင့် မြေမျက်နှာပြင် အထက် ၁၁ စင်တီမီ တာသို့ မြင့်တက် သွားကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...