Wednesday, September 26, 2012

ခင်ပွန်းသည်ကို သူခိုးထင်ပြီး ပစ်သတ်

အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ် နယူးအော်ရီလင်းမြို့ရှိ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ ၂ရက်နေ့က နေအိမ်သို့ပြန်လာသည့် ခင်ပွန်းသည်ကို သူခိုးထင်မှတ်၍ သေနတ်ဖြင့် မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အသက်၅၃နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် နေအိမ်သို့ သူခိုးဝင်ရောက်မည်ကို အမြဲတစေ စိုးရိမ်တကြီး ရှိနေတတ်သည်။ ခင်ပွန်းဖြစ်သူ ရုတ်တရက်ပြန်ရောက်လာသည်ကို သူခိုးထင်၍ မှားယွင်းပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့မှ ခန့်မှန်းပြောကြားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...