Wednesday, September 26, 2012

ရေပေါ်၌ ရွေ့လျားသွားလာနိုင်သည့် လေယာဉ်ကွင်းများကို တည်ဆောက်နိုင်


ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်ရပ်နားစရာနေရာရှားပါးလာမှု ပြဿနာတွေကို
 ပြေလည်သွားအောင် ရေပေါ်မှာ ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက ကြိုးစားနေကြပါပြီ။
သိမ်းမြစ်ထဲမှာ မျောပါနေမယ့် အဲဒီလေယာဉ်ကွင်းတွေဟာ ရေပေါ်မှာ အလွယ်တကူ လှုပ်ရှားသွားလာနိုင်မှာမို့ လေယာဉ်တွေအတွက်သာမက ရေယာဉ်တွေအတွက်ပါ အဆင်ပြေတယ်။ ဘောရစ်ကျွန်း လေယာဉ်ကွင်းမှာ တည်ဆောက်ထားတဲ့ လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို မြို့တော်လန်ဒန်အထိပါ သွားလာနိုင်အောင် ချိတ်ဆက်သွားမှာပါ။အဲဒီစီမံကိန်းသာ အကောင် အထည်ပေါ်လာမယ်ဆိုရင် ရေပေါ်မှာ မျောပါနေတဲ့လေယာဉ်ကွင်း ကျွန်းမြောတွေဟာ လူပေါင်း ၃၀၀၀၀၀ကျော်အတွက် စံပျော်ရာနေရာကြီး ဖြစ်လာတော့မှာပါ။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...