Monday, November 28, 2016

အင်တာနက်တွင် ပျံ့နှံ့နေသည့် မဟုတ်မဟတ် ဂျပန်တေးသွား ဂင်းနက်စ် မှတ်တမ်း၌ ဖော်ပြခံရ

ဂျပန်လူရွှင်တော် တစ်ဦး၏ မဟုတ်မဟတ် တေးသွားသည် အင်တာနက်တွင် အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပြီး Billboard Hot 100 တွင် စံချိန်တင်မည့် အတိုဆုံး သီချင်းအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် ဖော်ပြခံခဲ့ရသည်။
သြဂုတ်တွင် YouTube ၌ တင်ခဲ့သည့် ၄၅ စက္ကန့်ကြာ Pen-Pineapple-Apple-Pen သီချင်းဗီဒီယိုကို အဆိုတော် ဂျက်စတင်ဘီဘာက ၎င်း၏ အကြိုက်ဆုံး သီချင်းဗီဒီယိုဟု Twitter ၌ ဖော်ပြခဲ့ပြီးနောက် ယင်းသီချင်းဗီဒီယိုသည် ပျံ့နှံ့သွားပြီး ကြည့်ရှုမှုနှုန်း ၆၇ သန်းကျော် ရရှိခဲ့သည်။
“ရုတ်တရက် ထင်ပေါ်ကျော်ကြားလာမှုကြောင့် အံ့အားသင့်ခဲ့ရတယ်” ဟု အသက်  ၅၃ နှစ်အရွယ်ရှိ ပီကိုတာရိုက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ သီချင်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အမေရိကန်သီချင်း ရောင်းချမှု စာရင်း၏ နံပါတ် ၇၇ နေရာတွင် ဖော်ပြခံခဲ့ရပြီး ၎င်းသည် ၂၆ နှစ်အတွင်း Billboard Hot 100 ၌ ပါဝင်သည့် ပထမဆုံး ဂျပန်အဆိုတော် ဖြစ်ခဲ့သည်။
ယင်းဗီဒီယိုတွင် ပီကိုတာရိုက ၎င်း၏ အမှတ်အသားဖြစ်သော တိရစ္ဆာန်ပုံ ဆေးဆိုးပန်းရိုက်ထားသည့် တောက်ပသည့် ၀တ်စုံကို ၀တ်ဆင်ထားပြီး “I have a pen. I have an apple. Apple pen.” ကဲ့သို့ ပေါက်ကရ အင်္ဂလိပ်စာသားကိုဆိုပြီး ကပြခဲ့သည်။
အဆိုပါ သီချင်းဗီဒီယို ရိုက်ရန် ဒေါ်လာ ၉၅၀ (ယန်း ၁၀၀,၀၀၀) သာ အသုံးပြုခဲ့သည်ဟု ပီကိုတာရိုက ထုတ်ဖော်ပြောကြားခဲ့သည်။
Ref: AFP
Credit:Elevenmedia

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...