
ကျွန်တော်တို့ကမ္ဘာမြေကြီးပေါ်မှာ သဘာဝတရား၏လှပဆန်းပြား မှုတွေဟာ များစွာတည်ရှိပါတယ်။
ထို့ပြင် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးလိုက်ပါပြောင်းလဲတတ်တဲ့ သတ္တ၀ါနှင့် အပင်များလည်း
များစွာရှိကြပါတယ်။ထိုအထဲမှ လှပတဲ့ ပန်းပင်တစ်မျိုးအကြောင်းကို တင်ပြချင်ပါတယ်။

Diphylleia grayi အမည်ရှိတဲ့ အဖြူရောင်ပန်းပွင့်တစ်မျိုးဟာ ရေ ၊ မိုးရေတို့နှင့် ထိပါက
ဖောက်ထွင်းမြင်နိုင်သည့် ပန်းအကြည်လေးများအဖြစ် ပြောင်းလဲသွားတတ်ပါသည်။
ထို့ကြောင့်လည်း ထိုပန်းပင်မျိုးကို Skeleton Flower ဟု လည်းခေါ်တွင်ကြပါသည်။
ထိုပန်းပင်မျိုးများကို ဂျပန်နှင့် တရုတ်နိုင်ငံ တို့၏တောင်တန်းများတွင် တွေ့မြင်နိုင်ကြပါသည်။
၁ ပေခွဲနီးပါးအထိ အမြင့် ရှိကြပြီး ကြီးမားသည့် အရွက်ဖားဖားကြီးများလည်း ရှိကြပါသည်။

ထိုပန်းပွင့်ကလေးများမှာ ရေနှင့်ထိပါက အဖြူရောင်မှ ဖောက်ထွင်းမြင်နိုင်သည့် ပန်းအကြည်များ
အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး ခြောက်သွားလျှင်တော့ မူလ အဖြူရောင် အဖြစ်ပြန်လည်
ကူးပြောင်းသွားတတ်ပါသည်။

သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ …………………….. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။