
ဒီတစ်ခါ သူငယ်ချင်းတို့ကို တင်ပြပေးချင်တာက
လူသွားလမ်း ၊ ကားလမ်း မရှိတဲ့ အေးချမ်းလှတဲ့ ရွာလေးတစ်ရွာ အကြောင်းပါ။
တစ်ရွာလုံးကို လည်ပတ်သွားလာချင်ရင်တော့ ရေလမ်းခရီးနှင့်သာ
သွားလာလည်ပတ်နိုင်မှာပါ။
ဒါကြောင့်လည်း ဒီရွာကလေးကို နယ်သာလန်နိုင်ငံ ရဲ့ ဗင်းနစ်မြို့ကလေးလို့
တင်စားခေါ်ဝေါ်ကြပါတယ်။
အီတလီနိုင်ငံရဲ့ ရေပတ်လည်ဝိုင်းနေသော ဗင်းနစ်မြို့အကြောင်းကို သိကြမှာပါ။
ဒီဒေသလေးဟာလည်း ထိုနည်းလည်းကောင်းပါပဲ။
တစ်ရွာလုံးကို ချောင်းများ ၊ တူးမြောင်းများဖြင့်သာ ပတ်လည် ဆက်သွယ်ထားပါတယ်။
မြန်မာနိုင်ငံ ရဲ့အင်းလေးဒေသလိုပေါ့။

ဒီရွာလေးကို Giethoorn လို့ခေါ်ကြပြီး နယ်သာလန်နိုင်ငံမှာ တည်ရှိပါတယ်။
ကားဖြင့် သွားရောက်လည်ပတ်လျှင် ကားကို ရွာအပြင်မှာထားခဲ့ပြီး
လှေ ၊ မော်တော် တို့ဖြင့်သာ ၀င်ရောက်လည်ပတ်ရမှာပါ။
ဒါပေမယ့် တစ်အိမ်နှင့် တစ်အိမ်ကိုတော့ လူကူးတံတားများဖြင့် ဆက်သွယ်ပေးထားပါတယ်။

အိမ်များရဲ့ ပုံစံများကတော့ ရှေးအိမ်ပုံစံ ၊ အများအားဖြင့် ၁၈ ရာစု အိမ်ပုံစံများကို
တွေ့ရမှာပါ။

သွားရောက်လည်ပတ်လိုက်ကြပါအုံးနော်……..




သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ …………………….. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။