Sunday, March 29, 2015

ကြောင်တွေက ဘယ်တော့မှ ခွင့်လွှတ်လေ့မရှိ

ယနေ့ခေတ်မှာ လူတွေနဲ့ အနေအနီးဆုံး သတ္တဝါနှစ်မျိုးဟာ ကြောင်နဲ့ခွေးဖြစ်ပါတယ်။ ကြောင်တွေမှာ အခြားတရိစ္ဆာန်မျိုးနွယ်တွေနဲ့ မတူတဲ့ အကျင့်စရိုက်တွေရှိတယ်ဆိုတာ လေ့လာသူ သိပ္ပံပညာရှင်တွေက တစ်မျိုးပြီး တစ်မျိုးဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကြောင်တွေဟာ သခင်တွေအပေါ်စိတ်ကောက်တက်တာ၊ မနာလိုစိတ်ရှိတက်တာ စတဲ့ စရိုက်တွေကို သုတေသနပညာရှင်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အခုတွေ့ရှိမှုတစ်ခုကတော့ ကြောင်တွေဟာ အခြားသူတွေအပေါ် ဘယ်တော့မှ ခွင့်မလွှတ်တက်ဘူး ဆိုတာပါပဲ။ သိပ္ပံပညာရှင်တွေက တိရိစ္ဆာန်မျိုးစိတ်အမျိုးမျိုးရဲ့ အကျင့်စရိုက်တွေ လေ့လာတဲ့အခါ ခွင့်လွှတ်ပေးနိုင်စိတ် ဘယ်လောက်ရှိလဲဆိုတာကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ရှေးဟောင်းကျောက်ခေတ်ကတည်း ရှိနေခဲ့တယ်လို့ ယူဆရတဲ့ ချင်ပန်ဇီ၊ ဂေါ်ရီလာ စတဲ့မျောက်မျိုးနွယ်တွေ အပါအဝင် ဆိတ်၊ ခွေးအစတဲ့တိရိစ္ဆာန်တွေကို လည်း လေ့လာခဲ့ကြတာဖြစ်ပါတယ်။ မျောက်မျိုးစိတ်ဖြစ်တဲ့ ချင်ပန်ဇီတို့ ဂေါ်ရီလာတို့ကတော့ ကိုယ်နဲ့ မသင့်မမြတ်ဖြစ်သူကို ခွင့်လွှတ်ပြီး ပြန်လည်သင့်မြတ်အောင်နေဖို့ အချိန်သိပ်ယူလေ့မရှိကြပါဘူး။ အရင်က ဖြစ်ခဲ့တာကို နားလည်ခွင့်လွှတ်ပေးကြပြီး ကျေအေးတဲ့အမူအရာဖြစ်တဲ့ နမ်းရှုတ်တာကို လုပ်ဆောင်လေ့ ရှိကြပါတယ်။

လေ့လာခဲ့သမျှ တိရိစ္ဆာန်တွေအားလုံးထဲမှာ ဘယ်သူ့ကိုမှ ခွင့်မလွှတ်ပေးတဲ့ တိရိစ္ဆာန်ကတော့ ကြောင်တွေပဲ ဖြစ်ပါတယ်။ ကြောင်တွေဟာ သူတို့နဲ့ မသင့်မမြတ်ဖြစ်ဖူးသူတွေကို မှတ်ထားလေ့ရှိပြီး ခွင့်လွှတ်တဲ့ အမူအရာ ဘယ်တော့မှ ပြလေ့မရှိပါဘူး။ လေ့လာခဲ့သမျှ တိရိစ္ဆာန်တွေထဲမှာတော့ ဒီလိုစိတ်မျိုးရှိတာ ကြောင်တွေမှာပဲ တွေ့ရပါတယ်။
Ref - huffingtonpost
pianet.com.mm


No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...