ဒေသခံတွေက ဒီကျွန်းငယ်လေးကို ရေထဲက ထွက်ပေါ်လာတဲ့ နွေဦးလိပ်ကလေးလို့ ချစ်စနိုး ဂုဏ်ပြုခေါ်ဝေါ်ကြပါတယ်။ တရုတ်နိုင်ငံမှာ လိပ်ကို မင်္ဂလာရှိပြီး ကာလကြာရှည်စွာ ရပ်တည်နိုင်ခြင်းရဲ့
အမှတ်လက္ခဏာအဖြစ် သတ်မှတ် ကြပါတယ်။
ဒါဟာ တောင်ကိုးရီးယားနိုင်ငံက တစ်နှစ်မှာ မတ်လက ဇွန်လအတွင်း နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ပင်လယ် ရေ နှစ်ခြမ်းခွဲသွားပြီး ဂျင်ဒိုကျွန်းစုနဲ့ မိုဒိုကျွန်းစု နှစ်စုကို ဆက်သွယ်တဲ့ လျှောက်လမ်း ပေါ်လာတဲ့
ဖြစ်စဉ်လိုပဲ ထူးခြားဖြစ်စဉ် တရပ် ဖြစ်ပါတယ်။ Three Gorges ရေကာတာက မူဒါအိုဇီမြစ်ရဲ့ ရေပြင်အနေအထားကို ပုံဖော်ပေးနေပြီး နွေဦးရာသီမှာ ရေတွေကို နေရာဒေသ အနှံ့အပြားဆီ
ဖောက်ချလိုက်တဲ့အတွက် လိပ်ကျွန်းစု ဟာ ရေပြင်ပေါ်ကို ထွက်ပေါ်လာရတာပဲ ဖြစ်ပါတယ်။
ကျွန်းစုရဲ့ အသွင်အပြင် ဖောက်ချလိုက်တဲ့ ရေကာတာက ရေပမာဏအပေါ် မူတည်နေပြီး တခါတလေမှာ ကျွန်းတစ်ခုလုံး ပေါ်လာတတ်ပြီး တခါတလေမှာတော့ တ၀က်လောက်ပဲ ပေါ်လာလေ့ ရှိပါတယ်။
မူဒါအိုဇီမြစ်ရဲ့ ရေချိန် ၁၆၃ မီတာနဲ့ ၁၆၈ မီတာကြားမှာ ကျွန်းရဲ့ပမာဏ တစ်ခုလုံး ပေါ်လာလေ့ရှိပြီး ရေချိန် ၁၄၅ မီတာနီးပါး လောက် ရှိလာခဲ့ရင် ကျွန်းရဲ့လိပ်ပုံစံ ပျောက်သွားပြီး ပင်မကုန်းမြေကြီးနဲ့
ဆက်စပ်သွားလေ့ ရှိပါတယ်။
ဒီကျွန်းရဲ့ ပုံစံကြောင့် တရုတ်ပြည်မှာ ထင်ရှားလာခဲ့တာ ဖြစ်ပြီး ကျွန်း ရေပေါ်ကို ပေါ်လာတာနဲ့ စကားတစ်ခွန်း ကို ဖျတ်ခနဲ ပြောလိုက်ကြပြီး အနီးနားမှာ ရှိတဲ့ တောင်ကုန်းတွေပေါ်ကနေ ကပျာကယာနဲ့
ဓါတ်ပုံရိုက်လေ့ရှိကြ ပါတယ်။ ဒေသခံတစ်ဦးကတော့ “ နွေဦးရာသီမှာ အမြဲ ကြားရလေ့ရှိတာက လိပ်ကလေးတော့ ရောက်လာပြီ ဆိုတဲ့ စကားပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။
Ref - Dailymail
planet.com.mm
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။