Sunday, May 26, 2013

သစ်သားကို အဓိကအသုံးပြုပြီး တီထွင်ထားသည့် ဓာတ်ပြား


ရှေးယခင်က ဓာတ်စက်များကို အသွင်ဆန်းသစ်ပြီး သတ္တုများဖြင့် ထုတ်လုပ်ထားသည့် ဓာတ်ပြားများနေရာတွင် ယခုအခါ သစ်သားကို အဓိကအသုံးပြုပြီး တီထွင်ထားသည့် ဓာတ်ပြားများကို အစားထိုးနိုင်ပြီဖြစ်သည်။ ဆန်ဖရန်စစ္စကိုမှ အသက်၂၄ နှစ်အရွယ်မျှသာရှိသေးသည့် အမန်ဒါဂတ်ဆာအီဆိုသူက သစ်သားပြားများကို လေဆာနည်းပညာဖြင့် လိုသလိုဖြတ်တောက်ပြီး အက်ခရီလစ်ဓာတု ဆေးရည်များ သုတ်လိမ်းကာ သစ်သားဓာတ်ပြားများကို လက်တွေ့ထုတ်လုပ်ပြခဲ့သည်။ ယင်းဓာတ်ပြား၏ သစ်သားလှိုင်းတွန့်လေးများကြားတွင် ဓာတုဆေးရည်များစွာ သုတ်လိမ်းထား၍ အဆိုပါ သစ်သားဓာတ်ပြားများသည် သာမန်ဓာတ်ပြားများထက် နှစ်ဆမျှ ပိုထူသည်။ လေဆာဖြင့်ပုံဖော်ထားသည့် ဓာတ်ပြားမျက်နှာပြင်ရှိ တေးသံများ ထည့်သွင်းထားသော လှိုင်းတွန့်လေးများသည် ဓာတ်စက်မှအပ်ဖြင့် ခြစ်မိလျှင် တေးသံသာများစွာ ထွက်ပေါ်လာမည်ဖြစ်သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...