Sunday, October 28, 2012

ဥရောပနိုင်ငံ၏ အကျဉ်းဆုံးအဆောက်အအုံ ဖွင့်လှစ်


ပိုလန်နိုင်ငံ ၀ါဆောမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံအတွင်း အကျဉ်းမြောင်းဆုံး အဆောက်အအုံတစ်ခု ဖွင့်လှစ်ခဲ့ပြီး ထိုအဆောက်အအုံ၏ အလျားအကျယ်အ၀န်းမှာ သုံးပေသာရှိသည်။ ထိုအဆောက်အဦးအား အစ္စရေးစာရေးဆရာ အဲလ်ကာကရစ် နေထိုင်မည့်အိမ်ဖြစ်ပြီး ထိုအဆောက်အအုံလက်ရာမှာ အနုပညာပုံဖော်ဖန်တီးမှု (InstallationArt) ပုံစံတစ်မျိုးအဖြစ်လည်း ဒီဇိုင်းထုတ် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ဝါဆောမြို့သို့ မိမိသည်တစ်နှစ်လျှင် နှစ်ကြိမ်လာရောက်လေ့ရှိကြောင်း၊ ၎င်းအခါများတွင် ထိုအိမ်၌ မိမိနေထိုင်မည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံသား စာရေးဆရာ ကရစ်မှဒေသတွင်း ရုပ်သံလွှင့်ဌာနသို့ ပြောဆိုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများ အစုလိုက်သေကြေပျက်စီးမှုတွင် ပါဝင်ခဲ့သည့် သူ့မိဘများ၏ သတိရအောက်မေ့ဖွယ် အထိမ်းအမှတ်အနေဖြင့်လည်း နေထိုင်မည်ဖြစ်သည်ဟု ကရစ်ကပြောဆိုခဲ့သည်။
ထိုအဆောက်အအုံမှာ တိုက်ကြီးနှစ်ခု၏အလယ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုရပ်ကွက်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးတို့နေထိုင်ပြီး ဂက်တိုအမည်ရှိ ရပ်ကွက်ဟောင်းတစ်ခုဖြစ်သည်။ ထိုအထပ်သုံးထပ်ပါ သုံးပေအကျယ်ရှိ အဆောက်အအုံကို ပိုလန်လူမျိုး ဗိသုကာ ဂျကုရှက်ဇနီမှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအိမ်သည် မီးဖိုအသေးစား၊ ရေချိုးခန်းအသေးစား၊ အိပ်စင်၊ သေးငယ်သောအလုပ်ခန်းနှင့် အသုံးပြု၍ရသော လှေကားငယ်လေးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားကြောင်း ပိုလန်ဗိသုကာမှ ပြောဆိုခဲ့သည်။ ထိုအဆောက်အအုံကို ကရစ်အိမ်ရာဟု ခေါ်ဆိုပြီး ဥရောပနိုင်ငံ၏အသေးငယ်ဆုံး လူနေထိုင်ရာ အဆောက်အအုံတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...