Tuesday, October 16, 2012

ရွှေ၊ ပတ္တမြားတို့နှင့် တန်ဆာဆင်ထားသည့် မာစီဒီးကား

[Image: adxikvXp.jpg]
ဆွစ်ဇာလန်နိုင်ငံမှ အူလီအန်လစ် ကာဆိုသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး သည် ရွှေ၊ ပတ္တမြားစသည့်ကျောက် မျက်ရတနာများနှင့် တန်ဆာဆင်ထား သည့် Mercedesကုမ္ပဏီထုတ်
"Anliker McLaren SLR 999 Red Gold" အမည်ရှိ ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြင့်ရောင်းချ သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ မာစီဒီးကား၏ အရောင်ကို ရွှေမှုန့် ၅ ကီလိုဂရမ်ပါဝင်သော အနီရောင်ဆေးမှုန့် များနှင့် ခြယ်သထားပြီးကားဘီးဖုံးတစ်ခုစီကို ၂၄ ကာရက်ရှိ သောရွှေများဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ထို့ပြင်ကားအတွင်းပိုင်းရှိဒိုင်ခွက်များနှင့်စတီယာရင်များကိုလည်း ရွှေ၊ ကျောက်မျက်ရတနာ
များနှင်.တန်ဆာ ဆင်ထားပြီး ဂီယာလက်ကိုင်ကိုလည်း ပတ္တမြားလက်ကိုင်ဖြင့် ပြုလုပ်ထားကြောင်း
ဗြိတိန်နိုင်ငံထုတ် နေ့စဉ် သတင်းစာ တစ်စောင်တွင် ဖော်ပြထားသည်။
ယင်းကား အတွင်းပိုင်းတွင် တန်ဆာဆင်ထားသည့် ပတ္တမြားအလုံးအရေ အတွက်မှာ ၆ဝဝ
 ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မာစီဒီးကားကို မစ္စတာအန် လစ်ကာက ပြန်လည်မွမ်းမံပြီးနောက်
"Anliker McLaren SLR 999 Red Gold Dream"ဟု အမည်ပေးထား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...