
ဇန်နဝါရီလ၂၃ရက်က တိုက်ခတ်ခဲ့သော နေမုန်တိုင်းကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ကောင်းကင်ပြင်တွင် ဝင်းထိန်သွားခဲ့သည်။ ယင်းနေမုန်တိုင်းက ပြီးခဲ့သည့် ခြောက်နှစ်အတွင်းမှာ အကြီးမားဆုံး စံချိန်တင်သည့် နေမုန်တိုင်းဖြစ်သည်။ 'ဒီမုန်တိုင်းဖြစ်သွားတာ မယုံနိုင်စရာပါပဲ'ဟု ဗြိတိန်နိုင်ငံသား အာကာသယာဉ်မှူး ဂျွန်မေဆန်က ပြောကြားလိုက်သည်။' ကျုပ်ဒီလိုမျိုး ဖြစ်တာကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၎ဝလောက် ကတည်းက တွေ့ဖူးတယ်။ အခုတစ်ခေါက် တွေ့ရတာကတော့ အကြီးကျယ်ဆုံး နေမုန်တိုင်းပဲ'ဟု ယင်းကဆက်လက် ရှင်းပြသွားသည်။
ယင်းနေမုန်တိုင်းကြောင့် ကောင်းကင်ယံမြင်ကွင်းမှာ ကြည်လင်ပြတ်သားမှု မရှိတော့သော်လည်း ယင်းမှာ ကမ္ဘာမြေအတွက် အန္တရာယ် မဖြစ်စေနိုင်ကြောင်း အမေရိကန် အာကာသဆိုင်ရာ ရာသီဥတုခန့်မှန်းသော ပညာရှင်များက ဖြည့်စွက် ပြောကြားသွားသည်။ ''ဒီလိုဖြစ်သွားတာ နေကို စောင့်ကြည့်နေဖို့ ကျွန်တော်တို့ကို သတိပေးလိုက်သလိုပါပဲ''ဟု အမေရိကန် အာကာသဆိုင်ရာ မိုးလေဝသခန့်မှန်းသော စင်တာမှ ရူပဗေဒပညာရှင်ကြီးက ပြောကြားလိုက်သည်။
ref: ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။