နေခရမ်း....
|
Tuesday, October 16, 2012
ဘယ်သူဂိုးဖမ်းမလဲ မီးအုန်းသီးလုံးဘောပွဲ
ဘောလုံးပွဲအကြောင်းသုံးသပ်ကြေငြာသူတွေအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြိတ်
အနယ် ယှဉ်ပြိုင်ကစားကြပုံတွေကို အားပါးတရကြေငြာပြောကြားလေ့ ရှိကြပါတယ်...
သို့ သော်လည်း တစ်ကယ့် အဆင့် မြင့် ဘောလုံးကစားသမား ဂယ်ရီလီနီကာနဲ့ အန်ဒီဂရေး တို့ 
အနေနှင့် အကယ်၍သာအင်ဒိုနီးရှားနိုင်ငံမှ ဤဘောလုံးပွဲမျိုးတွင်ပါဝင်ယှဉ်ပြိုင်ကစားရပါက၎င်း
တို့ အနေဖြင့် ထိုကစားသမားများနှင့် ခြေရည်တူကန်နိုင်မှာမဟုတ်ဘူးဆိုတာ သိသွားကြမှာအ
အသေအချာပါပဲ....
ထိုအင်ဒိုနီးရှားမှ အထူးဘောလုံးပွဲတွင်ပါဝင်ကစားလိုသူတွေအနေနှင့် မကစားမှီ ၂၁ ၇က်မျှကြာ
အောင် ၀တ်ပြုဆုတောင်းခြင်း၊ ဥပုတ်ဆောက်တည်ခြင်းများအပြင် မီးနှင့် ယဉ်ပါးစေရန်လေ့ ကျင့်
ခြင်းများပြုလုပ်ကြရသောကြောင့် ဖြစ်ပါတယ်....
အားလုံးလေ့ ကျင့် မှုပြီးစီးကာအဆင်သင့် ဖြစ်မှပင် ထိုကစားသမားများအနေဖြင့် ၂ ရက်ကြာ
အောင်ရေနံဆီစိမ်ထားသည့် အုန်းသီးအား မီးရှို့ ထားသည့် ဘောလုံးဖြင့် မိနစ် ၆၀ ကြာအောင်
ကန်ရသည့် ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်...
အပြင်းအထန်ကြိုးစားယှဉ်ပြိုင်ချက်ကတော့ အင်္ဂလန် ပီရီးမီးယားလိဂ်ထက်ပိုပါလိမ့် မယ်...
အင်ဒိုနီးရှားနိုင်ငံ၊ ကေဒီရီ မှ လာဘိုယို ဘော်ဒါကျောင်းမှ မီးဘောလုံးကစားပွဲပါ...
Scorchio! A game that's hotter than the Premier League, students play fire football at the Lirboyo boarding school in Kediri, Indonesia
အပြိုင်အဆိုင်၊ ယှဉ်ပြိုင်နွှဲ.... ကန်တဲ့ မီးဘောပွဲ...ဂိုးသမားအတွက်တော့ သက်သာမယ်မထင်...
Players try to get the ball in the hopes of getting a shot in - good luck to the player who drew the (presumably burning) short straw and ended up as the keeper
မီးလောင်နေတဲ့ အုန်းသီးကိုဘောလုံးအဖြစ်လုပ်ပြီးကစားတာမို့ အခုလို ဘောကန်ဖိနပ်
မပါပဲ ခြေဗလာသက်သက်နဲ့ ဘောလုံးကိုကြာရှည်ထိနေဖို့ ဆိုတာ မလွယ်ပါ....
Ouch! Hot! Hot! One player plays keep-it-up with the flaming ball - perhaps the foot equivalent of when you need to juggle a hot potato fresh from the oven
သတ္တိရှိမှကန်နိုင်မှာနော်...
Rising temperatures: The Indonesian strikers show they have fire in their bellies as they play the beautiful (hot) game
ဘောလုံးကိုပိုင်ဆိုင်ဖို့ လုကြပေမယ့် လည်းတာရှည်တော့ ထိန်းမထားနိုင်ပါဘူး...
It takes two: Players wrestle for the ball - probably because neither of them want it
ကစားနေကြမို့ ထင်ပါရဲ့ ခြေဗလာသက်သက်နဲ့ မီးတောက်နေတဲ့ အုန်းသီးဘောလုံးကို
ကန်နေတာများ အေးရာအေးကြောင်း....
The heat is on: One player seems quite relaxed about the flames lapping away at his bare naked flame
မြန်မြန်ဆန်ဆန်ကန်ယင်ကန်...မကန်ယင်တော့ မီးလောင်ခံရမှာအမှန်...
Quick! The ball's on fire! Stamp it out! Another player shows off his skills on the pitch
မီးတောက်နေသည့် ထိုဘောပွဲဟာ မိနစ် ၆၀ ကြာမြင့် လေ့ ရှိပြီး ကစားသမားများအနေဖြင့် ပွဲပြီး
သည်အထိ မီးအုန်းဘောလုံး ၄ လုံးခန့် အသုံးပြု ရလေ့ ရှိကြပါတယ်...
ယှဉ်ပြိုင်ကစားနေသည့် တစ်ချိန်လုံးအုန်းသီးဘောလုံးမီးလောင်နေစေရန် ၂ ရက်မျှရေနံဆီစိမ်
ထားရပါတယ်...
ပွဲစရန်အတွက် ကွင်းလယ်တွင်အုန်းသီးဘောလုံးကိုတည်ကာ စတင်မီးရှို့ ခြင်းဖြင့် ကစားပွဲစတင်
ခြင်းကိုပြုလုပ်ကြပါတယ်...
ယှဉ်ပြိုင်သူများဟာ မီးလောင်နေသည့် ဘောလုံးအား ခြေဗလာဖြင့် ပင် ဆွဲယူတို့ ထိကစားခြင်း၊ အလွတ်တည်ကန်ဘောများကန်ခြင်း စသည်တို့ ဖြင့် ကမ္ဘာ့ ဖလားဘောလုံးသမားများကဲ့ သို့ ပင်
အလိမ်အခေါက်အကွေ့ အပတ်များကိုခြေဗလာဖြင့် ကန်ကာ ဂိုးသွင်းခွင့် ရအောင်ယှဉ်ပြိုင်ကြပါ
တယ်....
ကိုယ့် ရင်ထဲမီးတောက်တာတော့ မဟုတ်၊ ကိုယ့် ဘောလုံးမီးတောက်နေတာအမှန်...
Step one: Kick the ball at the other player's face. Step two: Score a goal
မီးဘောလုံးတစ်ခုဖန်တီးဖို့ အုန်းသီးတစ်လုံးကို ရေနံဆီနှင့် ၂ ရက်တိတိစိမ်ထားရပါမယ်...
Ready to play? The ball is actually a coconut, soaked in kerosene for two days before the match
အဆိုပါ မီးအုန်းသီး ဘောလုံးပွဲမျိုးအား အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ ဂျာဗားကျွန်းတစ်ဝိုက်ရှိ အစ္စ
လာမ်ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းများတွင် ယှဉ်ပြိုင်ကစားကြပြီး လူကြိုက်များလျှက်
ရှိနေပါတယ်...
တစ်ဖက်လျှင် ၅ ယောက်စီပါဝင်သည့် အသင်း ၂ သင်းဟာ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာတစ်
မျိုးဖြစ်သည့် ပန်ဆက်ဆီလက် ပညာနှင့် ဆက်စပ်သည့် အဆိုပါ အုန်းမီးလုံးဘောလုံးပွဲကို ယှဉ်
ပြိုင်ကစားကြလေ့ ရှိပါတယ်...
" ကျောင်းသားတွေရဲ့ စွမ်းရည်သတ္တိကို စမ်းသပ်တဲ့ အနေနဲ့ ကျွန်တော်တို့ အနေဖြင့် အုန်းသီးကို
မီးရှို့ ပြီးဘောလုံးကန်စေတာဖြစ်ပါတယ်..." လို့ ပွဲစီစဉ်ကျင်းပသူ အလီအက်ခ်ရာ ကဆိုပါတယ်..
ကရီဒီဒေသ လာဘိုယိုအရပ်မှာကန်သည့် ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများဟာ ပွဲမစ
ခင်၊ ၂၅ မီတာအလျားအနံရှိသည့် ဘောလုံးကွင်းထဲမ၀င်မှီ၎င်းတို့ ၏ခြေထောက်များ မီးမလောင်
ကျွမ်းအောင် ၀တ်ပြုဆုတောင်းကြရပါတယ်...
ထိုကဲ့ သို့ ပွဲမ၀င်ခင် ဆုတောင်းခြင်းနှင့် သဲသဲမဲမဲယှဉ်ပြိုင်ကစားခြင်းတို့ ကပင် ကစားသမားများ
အနေဖြင့် စိတ်ပိုင်းဆိုင်ရာကြံ့  ခိုင်မှု၊ အသိဥာဏ်ပိုင်းဆိုင်ရာကြံ့ ခိုင်မှုတို့ အတွက်ဖြစ်စေဖို့ 
ရည်ရွယ်ပါတယ်...
ဒီလိုမီးလောင်နေသည့် အုန်းသီးကိုခြေဖြင့် ကန်ကာကစားသည့် အတွက်လည်း ကစားသများ
အနေဖြင့် အရေပြားအပူဒါဏ်ခံနိုင်၊ မီးလောင်ခံနိုင်မည့် အခြေအနေကိုပိုမိုခံနိုင်ရည်စွမ်းရှိလာစေ
ဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်...
အုန်းသီးကိုအပေါ်ယံသားလေးခွာပြီးအုန်းဆံတွေချန်ကာ ၂ ရက် ရေနံဆီစိမ်ရပါတယ်...
Soaked: The fuel for this match is kerosene, in which the coconut gets soaked for two days
အုန်းသီးကမီးငြိမ်းတော့ မယ်၊ ပွဲကမပြီးသေးဘူးဆိုယင်တော့ နောက်တစ်လုံးမီးထပ်ရှို့ ပြီး
ဆက်ကန်ကြရပါတယ်... ဘောလုံးပွဲတစ်ပွဲမှာ အုန်းသီး ၆ လုံးလောက်မီးရှို့ ပြီး
အသုံးပြုရလေ့ ရှိပါတယ်...
Burning: As the flames begin to die, the players prepare for another ball - they might go through six balls during a match
အုန်းမီးလုံးတော့ ပိုင်ပါပေ့ .... ခြေထောက်အရေခွံတော့ မီးလောင်ကျွမ်းမှာသေချာတယ်...
Keep 'em up: Another play practices his skills on the pitch - and and probably loses some skin at the same time
ကဲ!!!!!!!ဘော်ဘော်တွေရော မီးအုန်းသီးဘောလုံး ဆော့ကြဦးမလား....8)
ref:ကိုပီတာရဲ့ အတွေးပုံရိပ်များ
အကြောင်းအရာ
ထူးဆန်းအကြောင်းအရာများ,
ထူးဆန်းနေရာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။