Sunday, October 28, 2012

ကမ္ဘာ့အကြီးကျယ်ဆုံး ဖောက်ထွင်းခိုးယူမှု

နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ Kunsthalပြတိုက်မှ နာမည်ကြီးပန်းချီဆရာများ၏ ပန်းချီကားခုနစ်ချပ်အား ပျောက်ဆုံးနေသည်ကို အောက်တိုဘာလ ၁၇ရက်နေ့တွင် သက်ဆိုင်ရာမှတွေ့ရှိရပြီး ၎င်းမှာလွန်ခဲ့သည့်တစ်ရက် အောက်တိုဘာလ ၁၆ရက်နေ့ မနက်၃း၀၀နာရီတွင် အမည်မသိသူများ၏ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။အဆိုပါ ပန်းချီကားခုနစ်ကားမှာ နာမည်ကြီး ပန်းချီဆရာများ ဖြစ်ကြသော ပီကာဆို၊ မိုနေး၊ လူစီယန်ကြီး မာတီဆေးစသည့် ပန်းချီဆရာများ၏ လက်ရာများဖြစ်ကြသည်။
အဆိုပါ နာမည်ကြီးလှသော ပန်းချီကားများ၏ တန်ဖိုးကို ပြတိုက်မှ မကြေညာခဲ့သော်လည်း ထိုပန်းချီကား ခုနစ်ကား၏ ခန့်မှန်းတန်ဖိုးမှာ စတာလင်ပေါင်သန်း ၁၀၀ခန့်တန်ဖိုးရှိကြောင်း သိရကြောင်းသိရသည်။ နယ်သာလန် ရဲတပ်ဖွဲ့မှ ယခုအမှုမှာ အသေအချာပြင်ဆင်ထားသော ဖောက်ထွင်းခိုးယူမှုတစ်ခုဖြစ်ပြီး ရှုပ်ထွေးလှသည့်ပြတိုက်၏ အချက်ပေးစနစ်များကို ဖြတ်ကျော်သွားနိုင်ရန် စီစဉ်ပြီး လုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။အဆိုပါပန်းချီကားလက်ရာများ ပျောက်ဆုံးမှုမှာ အတွင်းလူများ၏ အတိအကျ     သတင်းပေးမှုကြောင့်သာ ဖြစ်ရမည်ဖြစ်ကြောင်း ထိုပန်းချီကားများ၏ စာရင်းပြုစုသူ ဦးစီးမှူးခရစ္စမာရီနယ်လိုမှ ပြောဆိုခဲ့သည်။ ယခုဖောက်ထွင်းခိုးယူမှုမှာ မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့အကြီးကျယ်ဆုံး ဖောက်ထွင်းခိုးယူမှုတစ်ခု ဖြစ်ခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...