

ဗြိတိန်နိုင်ငံသား စွန့်စားရေးသမား နှစ်ဦးသည် အကျဉ်းထောင် တစ်ခုအတွင်း၌ နှစ်နှစ်ကြာ လေ့ကျင့်ခဲ့ပြီးနောက် ၁၆ဝပေအမြင့်ရှိ ကျောက်တုံးနှစ်ခုကြား အက်ကွဲကြောင်းမှနေ၍ ဇောက်ထိုးဆင်းကာ ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ကြောင်း Metroသတင်းဌာနက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဖော်ပြသည်။ တွမ်ရန်ဒေါ(၃၂နှစ်)နှင့် ပီတာဝှစ်တကာ(၂ဝနှစ်)တို့သည် အမေရိကန်ပြည်ထောင်စု ယူတက်ပြည်နယ်ရှိ ကင်ယွန်လန်း အမျိုးသားဘေးမဲ့ တောအတွင်းရှိ ရာစုနှစ်အက်ကြောင်းဟု အမည်ရသည့် အမြင့် ၁၆ဝ ပေ ရှိသော အက်ကြောင်းမှနေ၍ ဇောက်ထိုးဆင်းပြခဲ့သည်။ သူတို့နှစ်ဦးသည် ယင်းကဲ့သို့ ဇောက်ထိုးဆင်းသည့် လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်မှာ စုစုပေါင်းအလျား ၁၇,၅ဝဝပေ အထိ ရှိခဲ့ကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။