Saturday, October 20, 2012

ဘက်ကင်ဟန်နန်းတော်ပုံစံတူအား မီးခြစ်ဆံပေါင်း ၃၉၀၀၀ဖြင့်ပြုလုပ်


 ဗြိတိန်နိုင်ငံတွင် မီးခြစ်ဆံပြုလုပ်သူပညာရှင် ၀ီလျံမွာဆိုသူသည် ဗြိတိန်ဘုရင်မကြီး၏ ဘက်ကင်ဟန်နန်းတော်နှင့် တစ်ပုံစံတည်းတူသည့် ငါးပေရှည်သော နန်းတော်ပုံစံကို မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့သည်။ ၁၉၅၇ခုနှစ်က ဘုရင်မကြီး၏အိမ်တော်စိုးထံမှ နန်းတော်ကြီး ဆောက်လုပ်ထားသည့်ပုံစံကို တောင်းယူပြီး ၀ီလျံမွားက မီးခြစ်ဆံများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့နန်းတော်နှင့် အတိအကျတူသော နန်းတော်ပုံစံကို မီးခြစ်ဆံပေါင်း ၃၉,၀၀၀ဖြင့် ပြုလုပ်ခဲ့ရပြီး ဆေးရောင်ခြယ်ရန်နှင့် အားလုံးအပြီးသတ်ရန်အတွက် သုံးနှစ်နီးပါး အချိန်ယူပြုလုပ်ခဲ့ရသည်။ ၀ီလျံမွာဆိုသူ ကွယ်လွန်သောအခါ ထိုနန်းတော်ပုံစံငယ်ကို သူ၏ ချွေးမတော်သူထံသို့ လက်ဆင့်ကမ်းပေးခဲ့ပြီး ယခုအခါ ထိုချွေးမတော်သူ၏ မြေးအမ်လီထံတွင် ထိန်းသိမ်းထားရှိပြီး သူမက၎င်းကို အများပြည်သူ ကြည့်ရှုနိုင်ရန်အတွက် ပြတိုက်တစ်ခုခုတွင် ပြသထားရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ထိုနန်းတော်ပုံစံငယ်အား ပထမဦးဆုံး လူထုအားပြသသည့်အနေဖြင့် ဘီဘီစီရှေးဟောင်း ပြပွဲအစီအစဉ်တွင် ပြသခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...