Monday, December 10, 2012

ထူးဆန်းမြန်မာ ဖွင့်လှစ်ခြင်း...

ဒီဆိုဒ်မှ ကျွန်တော်ကိုယ်တိုင်ရေးသော ပိုစ့်များကို အခြားသော လူမှုကွန်ယက်များ
တွင် ကျွန်တော်ကိုယ်တိုင်ပြန်လည်မျှဝေ တက်ပါသည်။ ထိုအခါ သူငယ်ချင်းများ၏ 
ဆွေးနွေးမှုများတွင် မြန်မာပြည်မှ အကြောင်းအရာ များ၊ ပုံများမပါ ဘူးလားဟု မေးတက်
ကြပါသည်။ (တော်တော် များများတွေ့တက်ပါသည်)
ထိုသို့မေးရာတွင် တစ်ချို့က သူများနိုင်ငံ တွေ၏ ခေတ်မှီတိုးတက် ၊ လှပ ၊ ဆန်းပြား
ပုံတွေတွေ့ရ ပြီး ကိုယ်မြန်မာနိုင်ငံ က ပုံတွေ မပါသဖြင့် မချိတင်ကဲ ခံစားမှုဖြင့် ဆွေးနွေး
ကြတာပါ။( အမှန်မှာ မြန်မာနိုင်ငံ တွင်းလည်း ဆန်းပြား ၊ လှပ သော ပုံများနှင့်ရှုခင်းများ
များစွာ ရှိပါသည်)

တစ်ချို့ကတော့သူများနိုင်ငံပါပြီး ကိုယ်နိုင်ငံအကြောင်း မရေးသဖြင့် ဝေဖန်ခံရပါသည်။
မှန်ပါသည်။ ကျွန်တော်ဒီဆိုဒ်ကို စတင် ကတည်းက နိုင်ငံခြားတိုင်းပြည်မှ အကြောင်း
အရာများကိုသာ ဦးစားပေးတင်ပါသည်။ မြန်မာ ပြည်အကြောင်းရှိပေမယ့် နဲပါသည်။
မြန်မာ ပြည်ကိုအထင်မကြီးလို့လုံးဝ မဟုတ်ပါ။ မြန်မာနိုင်ငံ ဖြစ်သဖြင့် မြန်မာပြည်
အကြောင်း တွေ့ရသည်မှာများပါသည်။ ကိုယ်နိုင်ငံ ဒေသအလှ အပများကိုလည်း 
လက်လှမ်းမှီ တွေ့ရတက်ပါသည်။ မြန်မာနိုင်ငံ မှ ထူးခြားဆန်းကြယ် အကြောင်းရေး
သားသော ဆိုဒ်များလည်း အများအပြားရှိပါသည်။
နိုင်ငံခြားတိုင်းပြည်ကြတော့ ကိုယ်ကိုတိုင် ရောက်နိုင်ရန်ခဲယဉ်းသလို တစ်ချို့
အကြောင်းအရာများမှာ သိနိုင်ရန်ခဲယဉ်းပါသည်။ ညီ ၊ညီမ ငယ်များ စိတ်ပျော်ရွှင်ပြီး
အသိတိုးရန်ရည်ရွယ်ကာ တင်ပေးခြင်းဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် အားပေး ၊ ဆွေးနွေး ၊ ဝေဖန်ခြင်းကို အလေးဂရုပြု ခြင်းဖြင့် မြန်မာပြည်
မှ ထူးခြားဆန်းကြယ် အကြောင်းအရာ များနှင့် လှပသော ရှုခင်းပုံလေးများကို 
ထူဆန်းမြန်မာ  အခန်းတွင် တင်ပြပေးပါမည်။
ကျွန်တော်ကိုယ်တိုင်ရေးသားသော ပိုစ့်များ နဲပါမည်။ အခြားသော ဆိုဒ်များမှ
တင်ထားသော ပိုစ့်များကို ပြန်လည်မျှဝေပေးပါအုံးမည်။အခြားသောဆိုဒ်များမှလည်း
ခွင့်ပြုပေးကြပါခင်ဗျာ.................................................နေခရမ်း
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...