Monday, December 10, 2012

လူနေအိမ် တစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက်ထားသည့် လန်ဒန်မြို့မှ မျှော်စင်ကြီး

လန်ဒန် ဒီဇင်ဘာ ၉
အင်္ဂလန် နိုင်ငံမှ လေးအော့ စဘွန်းနှင့် ဂရေဟမ် ဗို့စ်တို့ နှစ်ဦးသည် ၎င်းတို့ ပိုင်ဆိုင်သော ၁၉ ရာစုနှစ်က တည်ဆောက် ခဲ့သည့် မျှော်စင် တစ်ခုအား လှပသော လူနေအိမ် တစ်ခု အဖြစ် ပြောင်းလဲဆောက် လုပ်ခဲ့ကြောင်း သိရသည်။
၎င်းမျှော်စင်သည် လန်ဒန်မြို့ အလယ်ပိုင်း၌ တည်ရှိပြီး  နေအိမ် အဖြစ် မဆောက်လုပ်မီ ရှေးယခင်က မြို့၏  လှပသော ရှုခင်းတစ်ခု အဖြစ် ရပ်တည် ခဲ့သည်ဟု သိရသည်။

ပြင်ဆင် မွမ်းမံမှုများ ပြုလုပ် ပြီးနောက် ပိုင်းတွင် မျှော်စင်သည် ယခုအခါ ၁၉ ရာစုမှ ဗိသုကာ နည်းပညာနှင့် ခေတ်သစ် နည်းပညာများ ပေါင်းစပ်ထားသည့် အဆောက်အအုံ တစ်ခု ဖြစ်လာ ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက် အအုံ၌ ကျန်းမာရေး လေ့ကျင့်သည့် အားကစား ရုံတစ်ခု၊ မိုးပေါ်တိုက်ခန်း တစ်ခုနှင့်   ဓာတ်လှေ ကားတစ်ခု အပါအဝင် စုစုပေါင်း အခန်း လေးခန်း ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ၎င်းတိုက်ခန်း၌ မြို့တော်၏ ရှုမျှော်ခင်း များအား ၃၆ဝ ဒီဂရီမှ ကြည့်ရှု နိုင်ခြင်း၊ နေဝင် ဆည်းဆာ အလှ အပများ ရှုမြင်နိုင်ခြင်းနှင့် သန့်ရှင်းသည့် လေများအား ရှူရှိုက်နိုင်ရန် အတွက် ပြတင်းပေါက် များကိုလည်း တပ်ဆင် ထားခဲ့သည်။
အဆိုပါ မျှော်စင်အား လူနေအိမ် အဖြစ် ပြုပြင် တည်ဆောက်ခြင်းကို ရှစ်လအကြာ လုပ်ဆောင် ခဲ့ရကြောင်း သိရသည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...