Wednesday, November 7, 2012

ကမ္ဘာ့အသေးဆုံး ဖားတွေ့ရှိ









ဖားမျိုးစိတ်သစ် တစ်ရပ်ကို ပါပူအာနယူးဂီနီ နိုင်ငံတွင် အမေရိကန်အခြေစိုက် ပညာရှင်များအဖွဲ့ ရှာဖွေတွေ့ရှိခဲ့ရာ ယင်းသည် ကမ္ဘာ့အသေးဆုံး ဖားမျိုးစိတ်ဖြစ်သည် ဟုဆိုသည်။ ယင်းဖား၏ အရွယ်ရောက်ပြီးသား အရွယ်မှာ ခန္ဒာကိုယ် အလျားဝဒသမ ၂၇လက်မဖြစ်ပြီး အသေးဆုံးဖားသာမက နို့တိုက်သတ္တဝါ ငှက် ၊ ငါး၊ ကုန်နေရေနေသတ္တဝါတို့ ပါဝင်သည့် ကျောရိုးရှိ သတ္တဝါများထဲတွင်လည်း ကမ္ဘာ့အသေးဆုံး ဖြစ်သည်ဟုဆိုသည်။ ယင်းဖားလေးကို Paedophryne swiftorum ဟုအမည်ပေးထားကြောင်း သိရသည်။ အဆိုပါ ဖားရှာဖွေရေးခေါင်းဆောင်မှာ အမေရိကန်ပြည်ထောင်စု ဘေတွန်ရုရို လူစီယာနာပြည်နယ် တက္ကသိုလ်မှ သုတေသနပညာရှင် ခရစ္စအောင်စတင် ဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...