Wednesday, February 22, 2017

ကြေကွဲဖွယ် အမှတ်တရများ နှင့် ဒေါက်ဖိနပ်ပုံ Church ကျောင်းလေး

အဝေးမှ ကြည့်လိုက်ရင် ဖန်ဒေါက်ဖိနပ်ပုံ အဆောက်အဦလေးကို
ထင်ထင်ရှားရှား တွေ့မြင်ရမှာပါ။ တည်ဆောက်ထားပုံ ဒီဇိုင်းထူးခြား
သလို ထိုအဆောက်အဦလေး ဖြစ်ပေါ်လာစေသည့် လွမ်းမောရင်နာ
ဖွယ် အကြောင်းရင်းခံကြောင့် သူရဲ့တန်ဖိုးဟာ ပိုမိုဂုဏ်မြောက်စေပါတယ်။

တကယ်တော့ ဒီဒေါက်ဖိနပ်ပုံ အဆောက်အဦဟာ ထိုင်ဝမ် အနောက်
တောင်ပိုင်း ၊ Budai မြို့မှာတည်ရှိတဲ့ Church ကျောင်းလေး ဖြစ်ပါတယ်။
အပြာရောင်ဖန်ချပ်ပေါင်း သုံးရာ့နှစ်ဆယ်ကျော် အသုံးပြု တည်ဆောက်
ထားပြီး ၅၅ ပေအမြင့်ရှိကာ ၃၆ ပေ ကျယ်ပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် တရုတ်နှစ်သစ်ကူးနေ့မှာ ဖွင့်လှစ်
ပေးခဲ့ပါတယ်။ ထို Church ကျောင်းလေး တည်ဆောက်ရခြင်း
အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။


တကယ်တော့ ထို Church ကျောင်းလေး ကို ၁၉၅၀ ခုနှစ်လောက်က
ထိုင်ဝမ် မိန်းမပျိုလေးများ အတွက် ရည်ရွယ်တည်ဆောက်ပေးခဲ့တဲ့
အထိမ်းအမှတ်အဆောက်အဦ ဖြစ်ပါတယ်။
ထိုနှစ်ပိုင်းတွေတုန်းက ထိုင်ဝမ်အနောက်တောင်ပိုင်း ကမ်းရိုးတန်း
ဒေသမှာ သောက်သုံးရေ ပြတ်လပ်ခဲ့တဲ့အတွက် အာဆင်းနစ်
ပါဝင်တဲ့ ရေကိုသာ သောက်သုံးရတာကြောင့် ဒေသခံအများအပြား
ဟာ Blackfoot Disease လို့ ခေါ်တဲ့ ခြေထောက်ပုပ်ဆွေးသည့်
ရောဂါဆိုးကို ခံစားခဲ့ရပါတယ်။ ဒီရောဂါ ဖြစ်ရင် ခြေထောက်တွေ
ဖျက်ပစ်လိုက်ရပါတယ်။
ထိုရောဂါဆိုး မှ ပေးတဲ့ဒဏ်ချက်တွေကို ထိုဒေသက မိန်းမပျိုလေး
များအနေဖြင့် ရင်နင့်ဖွယ် ခံစားခဲ့ရပါတယ်။ ဒါကတော့ အဲဒီ ဒေသခံ
မျိုးနွယ်စုတွေ အနေဖြင့် မင်္ဂလာပွဲမှာ သတို့သမီးဟာ ဖန်ဒေါက်ဖိနပ်
ကို စီးကြရပါတယ်။
အဲဒီလို လမ်းလျှောက်ပြီးရင် ဖိနပ်ကို ရိုက်ခွဲလွှင့်ပစ်လေ့ရှိပါတယ်။
အပျိုဘဝ အဆုံးသတ်ခဲ့ပြီး အိမ်ထောင်သည်ဘဝ စတင်ရတော့မယ်
ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒါပေမယ့် ရောဂါဆိုးကြောင့် ခြေထောက်မရှိရှာ
တော့တဲ့ မိန်းမပျိုလေးတွေ အနေဖြင့် မင်္ဂလာပွဲ ဆင်နွဲပြီး သတို့သမီး
ဖြစ်ခွင့်ဆိုတာ လေထဲက တိမ်တိုက်တွေလို တစ်စစီ ပြိုကွဲခဲ့ရရှာပါတယ်။

အထူးသဖြင့် ၀မ်မျိုးနွယ် မိန်းကလေးတစ်ယောက်ရဲ့ ရင်နာဖွယ်
အကြောင်းလေးကို ထိုဒေသခံများ သတိတရ ပြောလေ့ရှိပါတယ်။
ထို လှပနုပျိုသော အသက် ၂၄ နှစ်အရွယ်တွင် ၀မ် မိန်ကလေးဟာ
မင်္ဂလာပွဲဆင်နွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် သူမ မင်္ဂလာပွဲ
မကျင်းပနိုင်သေးခင် Blackfoot Disease ဆိုတဲ့ ရောဂါဆိုးကြီး
ခံစားလိုက်ရပြီး ခြေထောက်နှစ်ဘက်လုံး ဆုံးရှုံးခဲ့ရသလို သူမရဲ့
မင်္ဂလာပွဲလည်း ဖျက်သိမ်းလိုက်ရပါတယ်။ ခြေထောက်နှစ်ဘက်
နှင့် အတူ သူမဆုံးရှုံးလိုက်ရတာက သူမရဲ့ မျှော်လင့်ချက် ၊
ပျော်ရွှင်မှု နဲ့ ပျိုမြစ်နုနယ် တတ်ကြွမှုတွေကိုပါ တစ်ခါတည်း
ဆုံးရှုံးလိုက်ရပါတယ်။
ဝမ် မိန်းမပျိုလေးဟာ လက်ထပ်ပွဲပျက်ခဲ့ရပြီးနောက်ပိုင်း
သူမဘဝရဲ့ လက်ကျန်သက်တမ်းကို Church ကျောင်း
တစ်ကျောင်းမှာ အထီးကျန်စွာ ကုန်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဇာတ်လမ်းမျိုးတွေ အဲဒီခေတ်က ဒေသခံမိန်းကလေးတွေ
ကြုံတွေ့ခံစားခဲ့ရပါတယ်။

ဒါဟာ ရောဂါဆိုး ကိုပဲ အပြစ်တင်ရမလား?
ရိုးရာ ထုံးစံ အစွဲကြီးလွန်းတာပဲ အပြစ်ပြောရမလား ?
ဘယ်လိုပင်ဆိုစေ အချစ်ကံခေသူ မိန်းမပျိုလေးတွေအတွက်
ဒီ Church ကျောင်းလေးကတော့ အမှတ်တရအဖြစ် တည်ရှိ
နေတော့မှာပါ။ နောက်ထပ် ချစ်ခင်စုံမက်သူများ၏ မင်္ဂလာပွဲများ
ကို ဒီ Church ကျောင်းမှာ ဆင်နွဲနိုင်သလို ၊ ချစ်သူများကြား
ဘယ်လိုအခက်အခဲရှိရှိ နှစ်ယောက်အတူ ရင်ဆိုင်ကျော်လွှား
ဖြတ်သန်းကြမယ်လို့ အမှတ်ရတိုင်တည်စရာ နေရာကလေးတစ်ခု
ဖြစ်လာပါတော့မယ်။
ချစ်သောသူတိုင်း ညား၍ ၊ ညာ သောသူတိုင်း ဘ၀တစ်လျောက်
ထာဝရ ပေါင်းဖက်နိုင်ကြပါစေ………..
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...