ကျွန်တော်ယခင်က ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများဟူသော
ခေါင်းစဉ်ဖြင့် ဆဒ္ဒန်ဂူအကြောင်းကို အကျဉ်းချုပ်ရေးပေးဖူးပါသည်။
ယခုဆက်လက်ပြီး ဆဒ္ဒန်လှိုဏ်ဂူကြီး တစ်ခုတည်းကို တင်ပြပေး
ပါမည်။ ကရင်ပြည်နယ်သည် ထုံးကျောက်တောင်များ ပေါများ
တည်ရှိရာ ဒေသတစ်ခု ဖြစ်သလို ထုံးကျောက်တောင်ဂေဟစနစ်
များလည်း ပူးတွဲတည်ရှိနေပါသည်။ ထုံးကျောက်တောင်ကြီးများ
နှင့်အတူ ကြီးမားကျယ်ပြန့်သော လှိုဏ်ဂူကြီးများ အများအပြား
တည်ရှိရာ ပြည်နယ်တစ်ခုပါ။ ထိုအထဲမှ ကရင်ပြည်နယ်တွင်
အရှည်ဆုံးလှိုဏ်ဂူ တစ်ခုဖြစ်သည့် ဆဒ္ဒန်လှိုဏ်ဂူသည် သဘာဝ
အလှအပများပေါများကြွယ်ဝရာ နေရာတစ်ခုပင် ဖြစ်ပါသည်။

ဆဒ္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ် ၊ ဘားအံမြို့မှ တောင်ဖက်
မိုင်-၂၀ အကွာ ၊ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင်
တည်ရှိနေပါသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်
နီးပါသည်။ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုမှတစ်ဆင့်
လည်းကောင်း ၊ ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှ
လည်းကောင်း ၊ မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်)
တံတားကိုဖြတ်ကာ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှ
လည်းကောင်း သွားရောက်နိုင်သည်။
ယခုအခါ လမ်းများ ဖောက်လုပ်ပြီးစီးသင့်သလောက်
ပြီးစီးနေသော်လည်း မိုးအခါများတွင်တော့ သွားရေးလာရေး အစဉ်
မပြေနိုင်သေးပါ။
ဆဒ္ဒန်လှိုဏ်ဂူကြီးကို ထန့်ကမာ့ခမိုက် ဟုလည်း အမည်ရှိကြောင်း
သိရပါသည်။ လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့်
ထန့်ကမာ့ခမိုက် ဟု ခေါ်ကြောင်း သိရပါသည်။
ဆဒ္ဒန်ဂူဟု ခေါ်ရခြင်းမှာ လိုဏ်ဂူ၏ပတ်ဝန်းကျင်တွင် ဧက ၂၀-ခန့်
ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင် ဘက်တွင်
ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။
ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။
လှိုဏ်ဂူအတွင်း၌လည်း ထူးဆန်းသော သဘာဝကျောက်တုံး၊
ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာဝတရားတို့
သည် ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီတိုက်ဆိုင်နေသည်ကို
အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြခြင်း ဖြစ်ပါသည်။
ဆဒ္ဒန်လှိုဏ်ဂူသည် ကရင်ပြည်နယ်တွင် အရှည်ဆုံး လှိုဏ်ဂူ ဖြစ်ပြီး
မြန်မာပြည်တွင်တော့ နံပါတ် (၁၇ ) ခုမြောက်အရှည်ဆုံး ဖြစ်ပါသည်။
အရှည်မှာ (၈၀၀ မီတာ) ရှိကြောင်း သိရပါသည်။ ပထမအကြိမ် ဆဒ္ဒန်ဂူ
အကြောင်းရေးစဉ်က မြန်မာနိုင်ငံတွင် ပဉ္စမမြောက်အရှည်ဆုံး အဖြစ်
ဖေါ်ပြခဲ့ဖူးပါသည်။ ယခုထပ်မံ တွေ့ရှိရသော လှိုဏ်ဂူများကြောင့်
နံပါတ် (၁၇) ဟု ပြင်ဆင်တင်ပြ လိုက်ပါသည်။ အထက်ပါအချက်
အလက်များကို myanmarcaves.wikidot မှ ရှာဖွေတင်ပြခြင်း ဖြစ်ပါသည်။
ထို့ပြင် ဆဒ္ဒန်လှိုဏ်ဂူကြီးသည် တစ်ဖက်ပိတ်လှိုဏ်ဂူ အမျိုးအစား
မဟုတ်ပဲ နှစ်ဖက်ပွင့် တိုးလျှိုပေါက် ပွင့်သောဂူဖြစ်ပါသည်။ တစ်ဖက်
ဂူဝမှ ၀င်ပြီး အခြားတစ်ဖက်မှ ပြန်ထွက်၍ ရပါသည်။
ဆဒဒ္ဒန်လှိုဏ်ဂူသည် တောင်ခါးပန်းအလယ်လောက်တွင် တည်ရှိနေပြီး
တောင်ခြေ ယဉ်ရပ်နားစခန်းမှ ကြည့်လျှင် လှိုဏ်ဂူဝကို အနည်းငယ်
သာ မြင်ရပါသည်။ တောင်ခြေ မှ ပေ ၂၀ ခန့် အကွာတွင် လှိုဏ်ဂူဖြစ်
တည်နေခြင်းပါ။
ဆင်ဖြူတော်နှစ်စီး မုဉ်ဦးဝမှ နေ၍ တက်သွားလိုက်လျှင် အဆုံးနေရာ၌
ကြီးမားကျယ်ပြန့်သော လှိုဏ်ဂူကြီး အ၀ကို အံ့သြဖွယ် တွေ့ရှိရမည်
ဖြစ်ပါသည်။ ကျယ်ပြန့်လှသော ဆဒ္ဒန်လှိုဏ်ဂူကြီး၏ အ၀င်ဝနားတွင်
စေတီပုထိုးများ ၊ ရုပ်ပွားတော်များ နှင့်အတူ ရှေးဟောင်း နံရံကပ်
အုတ်ခွက်ဘုရားများကိုပါ ဖူးတွေ့ရမည် ဖြစ်ပါသည်။
ဂူအတွင်း ပေ-၁၀၀ခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က
တည်သည်ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း
ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ
ရသေ့ပျံဂူရှိစေတီနှင့် ဥာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။
ထို့ပြင် ဂူနံရံတွင် ကပ်ထားသောအုတ်ခွက်ဘုရား များကိုလည်း
ဖူးမျှော်နိုင်ပါသည်။ သို့သော် ရှေးဟောင်းအုတ်ခွက်ဘုရားများ
ကတော့ အနည်းအကျဉ်းသာ ရှိကြပါတော့သည်။ နှစ်ကာလကြာမြင့်
ခြင်း ၊ မသမာသူမှောင်ခိုသမားများမှ ခွာယူရောင်းစားခြင်း တို့ကြောင့်
အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ ယခုခေတ်ပြန်လည် ပြင်ဆင်
ထားသော အုတ်ခွက်ဘုရားများကိုတော့ အများအပြားဖူးမျှော်နိုင်ပါသည်။
လှိုဏ်ဂူအတွင်းသို့ ဆက်၍၀င်သွားလိုက်လျှင် ရှေးဟောင်း
လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမျှော်ရပါမည်။ ရှမ်းတို့က တည်သည်
ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ
မုတ္တမ မွန်မင်းဆက်(၀ါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။
ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။
ကြီးမားကျယ်ပြန့်လှသော လှိုဏ်ဂူကြီးထဲ ၀င်ရောက်လိုက်သည်နှင့်
စိတ်ကြည်လင်အေးချမ်းမှု နှင့်အတူ သဘာဝကျောက်စက်ပန်းဆွဲ ၊
ကျောက်စက်မိုးမျှော် အလှများကိုပါ တွေ့မြင်ခံစားရပါသည်။
စိတ်ကြည်လင်အေးချမ်းမှု နှင့်အတူ သဘာဝကျောက်စက်ပန်းဆွဲ ၊
ကျောက်စက်မိုးမျှော် အလှများကိုပါ တွေ့မြင်ခံစားရပါသည်။
ထို့နောက် အင်္ဂတေအုတ်လမ်းလေးအတိုင်း လှိုဏ်ဂူကြီးအား
ဖြတ်သန်းသွားရပါမည်။ လမ်းမှာ တဖြောင်းတည်း တညီတညာတည်း
မဟုတ်ပဲ အကွေ့အကောက်များ နှင့် အတက်အဆင်း သွားကြရတာ
ပျော်စရာကောင်းလှပါသည်။
လှိုဏ်ဂူအတွင်း ရေကျနေခြင်းများရှိပြီး အတက်အဆင်းလုပ်ကြရခြင်း ၊
ခြေဗလာဖြင့် သွားရခြင်းကြောင့် လူကြီးသူမများအတွက် လျော်မလဲစေရန်
ဂရုပြုသွားလာသင့်ပါသည်။
လှိုဏ်ဂူကြီး အတွင်းသည် ကျယ်ပြန့်လှသလို သဘာဝ ကျောက်စက်
အလှများကိုလည်း ပုံသဏ္ဍန်မျိုးစုံ တွေ့မြင်ရမည် ဖြစ်ပါသည်။
အရောင်စုံတောက်ပနေသော ထုံးကျောက်တောင်ကမူလေးများကို
တွေ့မြင်ရမည် ဖြစ်သလို ထူးခြားဆန်းပြားသော ကျောက်စက်ပန်းဆွဲ ၊
မိုးမျှော်များကို တအံ့တသြ တွေ့မြင်ကြရပါမည်။
(မုဆိုးလွှ ပုံစံ ကျောက်စက်ပန်းဆွဲ)
ဆဒ္ဒန်လှိုဏ်ဂူကြီး အတွင်း ထင်ရှားသောနေရာများမှာ စီးပွားဖြစ်
လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော
ကျောက်သွေးတွင်း ၊ ကြယ်ရောင်တောက်သော စိန်တောင်ကြီး ၊
လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တိုင်ကြီး ၊ မုဆိုးမြားပေါက် ၊
သမီးတော်စံမြန်းသောဂူ ၊ ကျောက်အူခွေ ၊ စပါးစေ့နှင့်တူသော
ဂ၀ံကျောက်ဖြုန်းများရှိသည့် စပါးကျီတောင် ၊ လင်းနို့များစွာတို့
ရှိနေကြသည့် ကျောက်ကမ်းပါးယံ ၊ ကျောက်ရိုးပုံတိုင်ကြီး ၊
မုဆိုးခမောက် ၊ အံသွားကြွေကျရာ ၊ ဆင်တိုင် ၊ တစ်ဖက် ဂူဝရှိ
ဂူဝလွမ်းစေတီ တို့ဖြစ်ပါသည်။ ထို့ပြင် အခြားသော အထင်ကရ နေရာ
များလည်း ရှိပါသေးသည်။

( သမီးတော်စံမြန်းသောဂူ )
တလက်လက်တောက်ပနေသော ဂူမိုးအစွယ်များ ရွှေတောင် ငွေတောင်များ
နှင့် ဂူအတွင်း တံတားထိုး ဖြတ်သန်းရသော ချောက်များ၊ ဂလိုင်များ၊ ဂူခွဲ များနှင့်စိတ်ဝင်စားဖွယ်ကောင်းစွာ တွေ့မြင်ရပါသည်။
လှိုဏ်ဂူဝရှိ ကျောက်စက်မိုးမျှော်များသည် ကြီးမားလှပြီး မြေမှ
ထိုးထွက်နေသော တောင်ကြီးများကဲ့သို့ တွေ့မြင်ရပါသည်။
ကြီးမားသော ထုံးကျောက်တောင်ကြီးထိပ်တွင် စေတီးငယ်လေး
တည်ထားပုံမှာ ကြည်ညိုစရာပါ။
ထိုအနီးအနားသည် အလင်းရောင်
ကောင်းစွာရပြီး ထုံးကျောက်ပန်းဆွဲ အလှများလည်း ပေါများလှသဖြင့်
ဓာတ်ပုံရိုက်သူ ၊ အနားယူ အပန်းဖြေသူ အများအပြား ရှိပါသည်။
ကောင်းစွာရပြီး ထုံးကျောက်ပန်းဆွဲ အလှများလည်း ပေါများလှသဖြင့်
ဓာတ်ပုံရိုက်သူ ၊ အနားယူ အပန်းဖြေသူ အများအပြား ရှိပါသည်။
တစ်ဖက်လှိုဏ်ဂူ ထွက်ပေါက်ရောက်၍ ပြန်ထွက်ရတော့မည်ဖြစ်
သော်လည်း ဆဒ္ဒန်လှိုဏ်ဂူကြီး၏ အလှအပများက မပြန်ခြင်အောင်
ဖြစ်မိစေပါသည်။
သော်လည်း ဆဒ္ဒန်လှိုဏ်ဂူကြီး၏ အလှအပများက မပြန်ခြင်အောင်
ဖြစ်မိစေပါသည်။
သို့သော် ဆဒ္ဒန်လှိုဏ်ဂူကြီး၏ ကျော်ကြားလှသော စွဲဆောင်မှုများမှာ
မပြီးသေးပါ။ နောက်ထပ် လှိုဏ်ဂူကြီး၏ အခြားဂူများထက် ထူးခြား
သော အချက်များလည်း ကျန်ရှိနေပါသေးသည်။
ဂူထွက်ပေါက်သည် အနည်းငယ်မြင့်ပြီး လှိုဏ်ဂူအောက်ကို လှမ်းကြည့်
လိုက်လျှင် ရေကန်ကြီး နှင့်အတူ လိုက်ဖက်လှသော စိမ်းလန်းသည့်
တောတောင် ရှု့ခင်းများကိုပါ တွေ့မြင်ရမည် ဖြစ်ပါသည်။
ဆဒ္ဒန်လှိုဏ်ဂူ မှ ထွက်လာပြီးလျှင် ရေကန်ကြီးအခြေသို့ ရောက်မည်
ဖြစ်ပါသည်။ ထိုရေကန်မှ နေ၍ လှေစီးကာ အခြားဂူများတွင်
တွေ့မြင်ခံစားရခဲသော ကျောက်တောင်အောက်မှ လှေဖြတ်စီးကာ
ဆဒ္ဒန်လှိုဏ်ဂူကြီးရှိရာ ကျောက်တောင်ကြီးကို ပတ်၍ လှိုဏ်ဂူဝ ရှိရာ
ဘက်ကို ပြန်သွားရအုံးမည် ဖြစ်ပါသည်။
လှေဆိပ်မှ လှမ်းကြည့်လိုက်လျှင် ဆဒ္ဒန်ဂူ၏ အနီးကပ်လျက်ရှိ
ဆင်ဟိုင်းဂူကို လှမ်းတွေ့ရမည် ဖြစ်ပါသည်။ ဆင်ဟိုင်းဂူသည် ဆဒ္ဒန်ဂူ
လောက် မကြီးမားပါ။ မီတာ ၃၀၀ အရှည်ရှိသည်ဟု သိရပါသည်။
၁၅။ဆင်ဟိုင်းဂူ သည် ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင်
ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများနေသည်ဟုဆိုသည်။
3-4-5-6 သည် လှေဖြင့် ပြန်ရမည့်လမ်းကြောင်းပါ။
4 - ထိုနေရာသည် ကျောက်တောင်အောက်လှိုဏ်ဂူအတွင်း လှေဖြင့် ဖြတ်သန်းရပါမည်။
6-7-1 သည် လှေဆိပ်မှ လှိုဏ်ဂူဝသို့ ခြေလျင်ပြန်ရမည့် လမ်းကြောင်းပါ။
လှေဆိပ်တွင် ခဏနား၍ လှေတစ်စီးလျှင် ၆၀၀၀ ကျပ်ပေးကာ
အဖွဲ့လိုက် လှေစီးခရီး စတင်ကြပါသည်။ ဆဒ္ဒန်လှိုဏ်ဂူတောင်ကြီး
၏ တစ်ဖက်စီတွင် ကန်ကြီး နှစ်ကန်ရှိပြီး ထိုရေကန်ကြီး နှစ်ကန်ကို
ကျောက်တောင်အောက် လှိုဏ်ဂူမှနေ၍ ရေဖြတ်သန်းကာ ဆက်သွယ်
ထားခြင်း ဖြစ်ပါသည်။
အဖွဲ့လိုက် လှေစီးခရီး စတင်ကြပါသည်။ ဆဒ္ဒန်လှိုဏ်ဂူတောင်ကြီး
၏ တစ်ဖက်စီတွင် ကန်ကြီး နှစ်ကန်ရှိပြီး ထိုရေကန်ကြီး နှစ်ကန်ကို
ကျောက်တောင်အောက် လှိုဏ်ဂူမှနေ၍ ရေဖြတ်သန်းကာ ဆက်သွယ်
ထားခြင်း ဖြစ်ပါသည်။
( ကျောက်တောင်အောက် လှိုဏ်ဂူအတွင်း လှေဖြင့် ဖြတ်သန်းရမည့် နေရာ )
လှေစီးသူများအနေဖြင့် ကျောက်တောင်အောက်
သို့ ၀င်ရောက်ရမည် ဖြစ်ပြီး ထိုကဲ့သို့သော ခံစားရမှုသည် အလွန်ပင်
ပျော်ရွှင်ကျေနပ်စရာပါ။ မိမိခေါင်းပေါ်အနီး၌ ဂူအမိုးကပ်နေပြီး
အတွင်းဘက် ရောက်လေ မှောင်လေဖြစ်လာပါသည်။ သို့သော်
ခဏအကြာ၌ တစ်ဖက်ဂူအထွက်မှ အလင်းရောင်ကို မြင်ကြရပါသည်။
ဆဒ္ဒန်လှိုဏ်ဂူ မှ ကျောက်တောင်အောက်လှေစီးရသည့် Video File ကို
သီးခြား တင်ပေးပါမည်။

တကယ်တော့ အပြန်လမ်းမှာ လှိုဏ်ဂူရှိရာ တောင်ကြီးတစ်ခုလုံးကို
အပြင်ဘက်မှ ပတ်ကာ ပြန်ရခြင်း ဖြစ်ပါသည်။ ရေကန်ကြီး နှစ်ကန်
ဖြတ်စီးပြီးနောက် လယ်စိုက်ရာ စပါးခင်းများကို တူးမြောင်းကဲ့သို့
ဖော်ကာ ရေလမ်းလုပ်ထားပြီး တစ်ဖက်လှေဆိပ်သို့ ပို့ဆောင်ပေးပါသည်။
လှေဆိပ်ရောက်လျှင် ဆင်းကာ ဆဒ္ဒန်ဂူဝင်ပေါက် ကားရပ်နားစခန်း
သို့ ခြေလျင် လမ်းလျောက်ရပါသည်။ နီးမည်ထင်သော်လည်း
သိပ်မနီးပါ။ ဖိနပ်မပါပဲ လမ်းလျောက်ရသဖြင့် အခက်အခဲတော့
အနည်းငယ်ရှိကြပါသည်။
သို့သော် လှေစီးရင်း ဖြစ်စေ ၊ ခြေလျင်လျောက်ခိုက်ဖြစ်စေ ၊
ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊
နတ်ထိပ်တောင်တို့ နှင့် သဘာဝတောတောင် များကို တွေ့မြင်
ခံစားရပါမည်။
ထို့ပြင် ဆဒ္ဒန်လှိုဏ်ဂူရှိရာတောင်ကြီး၏ အောက်
ခြေ မှ ရေတိုက်စားထားသော လှိုဏ်ပေါက်လေးများ ၊ အက်ကွဲကာ
အထပ်ထပ် ဖြစ်နေသော ကျောက်တောင်ကြီးကို အနီးကပ်ကြည့်ရ
သည်မှာ ရင်ထိတ်စရာ။
ခြေ မှ ရေတိုက်စားထားသော လှိုဏ်ပေါက်လေးများ ၊ အက်ကွဲကာ
အထပ်ထပ် ဖြစ်နေသော ကျောက်တောင်ကြီးကို အနီးကပ်ကြည့်ရ
သည်မှာ ရင်ထိတ်စရာ။
ဆဒ္ဒန်လှိုဏ်ဂူကြီး နှင့် ပတ်သတ်သည့် ဒေသခံများ၏ သမိုင်း
ကြောင်းများလည်း ရှိကြပါသည်။နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်း
ရှိသလို ၊ ထိုဆဒ္ဒန်ဂူကြီးသည် တစ်ချိန်က လေးသည်ကျော်,လစွဲ (ခေါ်)
လုဒ္ဓယောဓမင်း အခြေချရာ ဒေသအဖြစ် ဆိုကြပါသည်။
ထိုသမိုင်းကြောင်းများတော့ အကျယ်မတင်ပြတော့ပါ။
ထို့ပြင် ကရင်ပြည်နယ်ရှိလှိုဏ်ဂူများသည် ထုံးကျောက်လှိုဏ်ဂူ
ဂေဟစနစ် များအများအပြား ကျန်ရှိနေပါသေးသည်။ ဆဒ္ဒန်လှိုဏ်ဂူတွင်
လင်းနို့မျိုးစိတ် အမျိုးအစား (၇) မျိုးနှင့် ကျောရိုးမဲ့သတ္တဝါ
မျိုးစိတ် (၁၃) မျိုးကို တွေ့ရှိရပါသည်။လင်းနို့မျိုးစိတ် အမျိုးအစား(၇)မျိုး
အနက် “Eonycterisspelaea” လင်းနို့များကို တွေ့ရှိရပြီး
အကောင်ရေ ၁၀၀,၀၀၀ နီးပါးရှိသည်ဟုသိရပါသည်။ ထို့ပြင်
အခြားသောဂူအောင်နေ သတ္တ၀ါလေးများလည်း ရှိကြပါသေးသည်။
သို့သော် လူအသွားအလာများပြီး ထိန်းသိမ်းမှု မရှိလျှင် ထိုထုံးကျောက်
လှိုဏ်ဂူဂေဟ စနစ်မှာ ပျက်စီးလာမည် ဖြစ်ပါသည်။ထိုဂေဟစနစ်သည်
ဒေသခံများ၏ လူနေမှု ဘ၀ကိုပါ အထောက်အကူပြုနေခြင်း ဖြစ်ပြီး
ဂေဟစနစ်တစ်ခုလုံး ပျက်စီးဆုံးရှုံးမှု မရှိစေရန် ၀ိုင်းဝန်းစနစ်တကျ
ထိန်းသိမ်းရမည် ဖြစ်ပါသည်။
( ဆဒ္ဒန်လှိုဏ်ဂူကြီး တည်ရှိရာပြ မြေပုံ )
( ဆဒ္ဒန်လှိုဏ်ဂူ အတွင်း အမှတ်တရ )
ဆဒ္ဒန်လှိုဏ်ဂူကြီးသည် ကရင်ပြည်နယ်တွင် အရှည်ဆုံးလှိုဏ်ဂူ
ဖြစ်ပြီး ပြည်နယ်ဂုဏ်ဆောင် အထင်ကရလှိုဏ်ဂူကြီး ဖြစ်ပါသည်။
ထို့ပြင် အခြားလှိုဏ်ဂူများနှင့် မတူသော သဘာဝအလှအပများနှင့်
အတူ ခြေလျင်တစ်မျိုး ၊ လှေစီး၌ တစ်သွယ် သွားရောက်နိုင်သည့်
လှိုစ်ဂူ ခရီးစဉ်တစ်ခု ဖြစ်ပါသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်လာသဖြင့် ပွင့်လင်းရာသီများတွင် ကရင်ပြည်နယ်သို့
ရောက်လျှင် မသွားမဖြစ်သွားကြသော လှိုဏ်ဂူတစ်ခုဖြစ်ပါသည်။
သူငယ်ချင်းတို့အနေဖြင့် မရောက်ဖူးသေးလျှင် အမြန်သွားရောက်ပြီး
ရှေးဟောင်း စေတီပုထိုးများနှင့် သာယာလှပသည့် ခရီးစဉ်ကို တွေ့မြင်
ခံစားလိုက်ပါအုံးလို့ နေခရမ်းမှ တိုက်တွန်းလိုက်ပါတယ်…

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။