Wednesday, February 22, 2017
ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူကြီး Mammoth Cave
ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူကြီး အဖြစ် သတ်မှတ်ထားသည့် Mammoth
လှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ Kentuckyဒေသတွင် တည်ရှိပါသည်။
ကမ္ဘာပေါ်ရှိ လှိုဏ်ဂူများတွင် ကြီးမားရှည်လျားလှသည့် မြေအောက်
လှိုဏ်ဂူ စုဖွဲ့မှုပုံစံကို ထို Mammoth လှိုဏ်ဂူကြီးတွင် တွေ့မြင်နိုင်ပါသည်။
ထိုလှိုဏ်ဂူကြီးသည်စုစုပေါင်း ဧရိယာသည် 52,830 acres (21,380 ha)
အထိ ရှိပြီး လေ့လာဆန်းစစ်ပြီးသလောက် လှိုဏ်ဂူလမ်းကြောင်း
အရှည်သည်ပင် 405 မိုင် (652 km) အထိ ရှိပါသည်။
ကမ္ဘာမြေအောက် ၄၀၇ ပေ အနက်တွင် တည်ရှိနေသော လှိုဏ်ဂူကြီးပါ။
Frank Houchin ဆိုသူကစတင်တွေ့ ရှိခဲ့ပြီး အဲဒီအနီးအနားမှာပဲနေ
ထိုင်ခဲ့ပါသည်။ July 1, 1941 မှာ အမေရိကန်နိုင်ငံ၏ အမျိုးသားဥယျာဉ်
အဖြစ်သက်မှတ်ခဲ့ကြပါသည်။
၁၉၈၁ ခုနှစ်တွင် ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ်
သတ်မှတ်ထားခဲ့ပါသည်။
မှာထုံးကျောက်ဝင်္ကပါလိုတည်ရှိနေတာပါ။ အကွေ့ ၊ အကောက် ၊
များလွန်းသလို အထပ်အထပ်ဖြင့် တည်ရှိနေပါသည်။
ထို့ပြင် လှိုဏ်ဂူလမ်းကြောင်းပွားများ များစွာ တည်ရှိနေသလို
မြေအောက်မြစ်များရှိသော လှိုဏ်ဂူလမ်းကြောင်းခွဲများလည်း
ရှိပါသည်။
အောက်ခြေမှာဘယ်လောက် ကျယ်ပြီး ရှည်တယ်
ဆိုတာတော့ လေ့လာ ဆန်းစစ်နေကြတုံးပါ။ ထို့ကြောင့်ပင်
ကမ္ဘာ့မြေအောက်လှိုဏ်ဂူ အစုအဖွဲ့စနစ်တွင် ရှည်လျား ရှုပ်ထွေးဆုံး
လှိုဏ်ဂူ အဖြစ် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။
သတ်တမ်းရင့် ထုံးကျောက်လှိုဏ်ဂူကြီး ဖြစ်သဖြင့် ထုံးကျောက်ဂေဟ
စနစ် များစွာ တည်ရှိနေသလို ထုံးကျောက်လှိုဏ်ဂူများတွင်
နေထိုင် အသက်ရှင်ကြသော တိရိစ္ဆာန်မျိုးစိတ်များ များစွာ
ရှိနေသည့် လှိုဏ်ဂူကြီး ဖြစ်ပါသည်။
နှစ်စဉ်ခရီးသွားဧည့်သည်များ များစွာလာရောက် လည်ပတ်တတ်ကြ
ပြီး ၂၀၁၆ ခုနှစ်တွင် 586,514 ဦးလာရောက် ခဲ့ကြောင်း သိရပါသည်။
ရှုပ်ထွေးများမြောင်လှသော လှိုဏ်ဂူခွဲများ များစွာကို လေ့လာနိုင်မည်
ဖြစ်သလို မြေအောက်မြစ်များကိုလည်း လှေစီး၍ ၀င်ရောက်ကြည့်
နိုင်ပါမည်။ ရှည်လျားလွန်းသဖြင့် လာရောက်သူများအနေဖြင့်
လှိုဏ်ဂူကြီးကို နေရာအနှံစုံအောင် လေ့လာဖို့တော့ မဖြစ်နိုင်ပါ။
( ခေတ်အဆက်ဆက် ၀င်ရောက်လေ့လာခဲ့သူများ အမှတ်အသားပြုထားခဲ့သည့် လှိုဏ်ဂူ အမိုးမှ စာများ)
Mammoth လှိုဏ်ဂူကြီး အတွင်းပိုင်း လမ်းကြောင်းများပြ မြေပုံ
(Mammoth လှိုဏ်ဂူကြီး တည်ရှိရာ နေရာပြ မြေပုံ)
Oct 4, 2012 မှပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...