Friday, February 24, 2017

ပဟေဠိများနှင့် ကျောက်ဘောလုံးကြီးများ

ကျွန်တော်တို့ကမ္ဘာကြီးမှာ အဖြေမရှာနိုင်သေးတဲ့ ထူးဆန်းတဲ့ နေရာတွေ ၊
ရှေးခေတ် လူးများ၏ ဖန်တီးထားချက်တွေ မြောက်များစွာ ရှိကြပါတယ်။
အခုလည်း ကော်စတာရီကာနိုင်ငံမှာ တွေ့ရှိကြရတဲ့ လုံးဝန်းသော ကျောက်တုံးများ
(ကျောက်ဘောလုံးများ) အကြောင်းကို တင်ပြပေးလိုက်ပါတယ်။
ယခုခေတ်နည်းပညာ များဖြင့်ပင် ဖန်တီးရန်မလွယ်လှသော ကျောက်ဘောလုံးကြီး
များကို ကော်စတာရီကာ နိုင်ငံ ရဲ့တောနက်ကြီး တွေထဲမှာ တွေ့ရှိကြရပါတယ်။

တည်နေရာ
ဒီကျောက်ဘောလုံးများကို ကော်စတာရီကာ နိုင်ငံ၏ Diquis Valley ဒေသတွင်
စတင်တွေ့ရှိခဲ့ကြပါတယ်။
စတင်တွေ့ရှိကြသူများ
ဒီကျောက်ဘောလုံးကြီးများကို ၁၉၃၀ ခုနှစ်လောက်တွင် UNITED FRUIT ကုမ္ပဏီ မှ
ငှက်ပျောပင် စိုက်ခင်းများအတွက် တောရှင်း ရန် မီးတိုက်ခဲ့ချိန်မှ စတင်တွေ့ရှိခဲ့ကြပါတယ်။
ထိုသို့မီးတိုက်လိုက်ပြီးနောက် မီးလောင်ပြင်တွင် ကျောက်ဘောလုံးကြီးများကို
အံ့အားသင့်ဖွယ် တွေ့ရှိကြရပါတယ်။ အရွယ်အစား အကြီး ၊ အသေး မျိုးစုံဖြင့်
နေရာ အနှံ့အပြား တွေ့ရှိကြ ရခြင်းပါ။

အရွယ်အစားနှင့် အလေးချိန်
အရွယ်အစား မျိုးစုံတွေ့ရှိကြရပြီး အသေးဆုံးမှာ ဘေ့ဘောလုံး အရွယ်မှ အကြီးဆုံး
လူတစ်ရပ်မကသော အရွယ်အထိ ရှိကြပါသည်။ အသေးဆုံး သည် အချင်း စင်တီမီတာ
အနည်းငယ်မှ အကြီးဆုံး၂ မီတာအထိ အရွယ်ရှိကြပါသည်။
အလေးချိန်အားဖြင့် အကြီးဆုံးဟု သတ်မှတ်ရသော ကျောက်ဘောလုံးကြီး တစ်လုံး၏
အလေးချိန်သည် (၁၆) တန် အထိရှိပါသည်။ ကျောက် ဘောလုံး ၂၀၀ နီးပါး အထိ တွေ့ရှိ
ခဲ့ကြပြီး အလုံး ထောင်ဂဏာန်းအထိ ရှိနိုင်သည်ဟု ခန့်မှန်းကြပါသည်။
ကျောက်ဘောလုံးတို့၏ သက်တမ်း
ဒီကျောက်ဘောလုံးများကို ကာဗွန်နည်းဖြင့် စမ်းသပ်ချက်အရ BC 200 မှ AD 800 ခုနှစ်
အတွင်း ထုဆစ်ခဲ့သည်ဟု ခန့်မှန်းခဲ့ကြပြီး တစ်ချို့ ပညာရှင်များကလည်း အမျိုးမျိုး သတ်မှတ်ကြပါသည်။
သက်တမ်း ၁၀၀၀၀ ကျော်ဟုလည်းခန့်မှန်းကြပါသည်။
Wiki website တွင်တော့ AD 500 နှင့် 1500 ကြားကာလဟု ခန့်မှန်းထားပါတယ်။
တွေ့ရှိခန်းမှန်းချက်များ
ဒီကျောက်ဘောလုံးကြီးများကို မည်သည့် ရည်ရွယ်ချက်ဖြင့် ထုဆစ်ခဲ့ကြတယ်ဆိုတာ
အတိအကျ မည်သူမှ မပြောနိုင်ခဲ့ကြပါဘူး။ မည်သည့်နည်းပညာဖြင့် ထုဆစ်ခဲ့ကြတယ်ဆိုတာလည်း
အတိအကျ မပြောနိုင်ပါ။ ပညာရှင်များ၏ ခန့်မှန်းချက်များ သာ ရှိကြပါသည်။
ပညာရှင်များ၏ အဆိုအရ ဒီကျောက်ဘောလုံးကြီးများကို လူ တို့ကိုယ်တိုင် ထုဆစ်ခဲ့ကြပြီး
အလွန်ပူပြင်းသော မီးတိုက်သောနည်းဖြင့် အသုံးပြုခဲ့တယ်လို့ ဆိုပါသည်။
ဒီနည်းဟာ ယခုခေတ်မှာပင် အသုံးပြုရန် မလွယ်ပါ။ ဒါဟာ လည်း အံ့သြစရာပါ။
တစ်ချို့ကလည်း သဘာဝ အတိုင်း တည်ရှိနေတာလို့ ဆိုကြပြန်ပါသည်။
ဒီကျောက်ဘောလုံး များ၏ ကျောက်သားဟာ တွေ့ရှိရသည့် နေရာမှ မိုင် ၃၀ ခန့် အကွာ
မှာသာ ရှိကြပါသည်။ ထိုနေရာမှ ကျောက်တုံးကြီးများကို မည်သို့ သယ်ဆောင်ခဲ့ကြပါ သနည်း။
ထို့ပြင် နေရာအနှံ့အပြား မည်သည့်အတွက်ကြောင့် ပြန့်ကျဲ တည်ရှိနေပါသနည်း။
နက္ခတ်ပညာရှင်များကတော့ ကျောက်ဘောလုံးများ၏ ပြန့်ကျဲတည်ရှိ နေပုံ အချို့သည်
ကောင်းကင်မှ ကြယ်တာရာများ၏ အနေအထားနှင့် ဆက်စပ်နေသည် ဟု ဆိုကြပါသည်။
တစ်ချို့ ကျောက်တုံးများ၏ တည်ရှိနေပုံမှာလည်း အမှန်ပင် နက္ခတ်များနှင့် တိုက်ဆိုင်နေပါသည်။
သို့သော် ယခုအချိန်တွင် တိတိကျကျ လေ့လာရန်မလွယ်ပါ။ အကြောင်းမှာ ကျောက်လုံးကြီး
များကို နေရာရွေ့ပြောင်းထားခဲ့ ကြလို့ပါ။
တစ်ချို့ကလည်း ဒီကျောက်လုံးကြီးများအတွင်းတွင် ရှေးလူများ၏ ရတနာများ ထည့်သွင်း
ထားသည်ဟုထင်ကာ ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲကာ ရှာဖွေခဲ့ကြပါသည်။
သို့သော် မည်သည့်အရာ မျှ မတွေ့ကြရပါ။

ရုပ်ပုံထွင်းထုထားသော ကျောက်ဘောလုံးတစ်ခုပုံ
ထို့ပြင် ထိုဒေသခံများ၏ ဒဏ္ဍာရီ များကလည်း ရှိကြပါသေးသည်။
ယခု အခါတွင် ထိုကျောက်ဘောလုံးများကို ကော်စတာရီကာနိုင်ငံ၏ ကျောင်းများ၊
ဆေးရုံများနှင့် ပြခန်း ၊ ပြတိုက်များတွင်သာ အများအားဖြင့်တွေ့မြင်နိုင်ပါသည်။


ထို့ပြင် အစိုရအရာရှိများ နှင့် ငွေကြေးချမ်းသာသူများ၏ နေအိမ် ပန်းဥယျာဉ်များတွင်
အလှပြ ပစ္စည်းအဖြစ် များစွာ တွေ့ကြရပါသည်။ နိုင်ငံခြားသို့ အမှတ်တရ ပစ္စည်းအဖြစ်
ရောက်သွားကြတာ လည်းရှိပါသည်။
 
(ကျောက်ဘောလုံးကြီးများ စတင်တွေ့ရှိရပုံ နှင့် နက္ခတ်တာရာများကို နှိုင်းယှဉ်ပြထားပုံ)
ယခုအခါတွင်တော့ ထိုကျောက်ဘောလုံးကြီးများ တွေ့ရှိရာ ဒေသကို ယူနက်စကို မှ
ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် သတ်မှတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
ဒီကျောက်ဘောလုံးကြီးများသည် မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သူတို့က ထုဆစ်ခဲ့သနည်း
ဆိုတာ မသိနိုင်ပေမယ့် ယခုခေတ်လူများပင် ကျောက်သားကို လုံးဝန်းရန် ထုဆစ်ရန်မလွယ်
သော ဒီကျောက်လုံးကြီးများသည် ပဟေဠိ ဆန်စွာ ရှိကြပါသည်။
နက္ခတ်သဘောလား။
ကိုးကွယ်ယုံကြည်မှုကြောင့်လား။
သူငယ်ချင်းတို့ ထင်မြင်ချက်ကရော မည်သို့နည်း။
Aug 5, 2014 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။ 
ပင်လယ်ကမ်းစပ်တွင် တွေ့ရသော ကျောက်ဘောလုံးကြီးများ
ပင်လယ်ကမ်းစပ်တွင် တွေ့ရသော ကျောက်ဘောလုံးကြီးများ
မြေကြီးအတွင်းမှ တစ်ပိုင်းတစ်စပေါ်ထွက်နေသော ကျောက်ဘောလုံးများ

မြေကြီးအတွင်းမှ တစ်ပိုင်းတစ်စပေါ်ထွက်နေသော ကျောက်ဘောလုံးများ
မြေကြီးအတွင်းမှ တစ်ပိုင်းတစ်စပေါ်ထွက်နေသော ကျောက်ဘောလုံးများ
မြေကြီးအတွင်းမှ တစ်ပိုင်းတစ်စပေါ်ထွက်နေသော ကျောက်ဘောလုံးများ

ကျောက်ဘောလုံးကြီးများ တွေ့ရှိရာ ဒေသ
Aug 5, 2014 မှ ပိုစ့်အား ပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း(naykhayan.blogspot.com)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...