Saturday, January 7, 2017
ဘ၀ဇာတ်ခုံပေါ်မှပြကွက်ဆန်းများ(၁၂)
နားလည်ရခက်သော အမိန့်အာဏာများ
*****************************
သူငယ်ချင်းတို့ ကိုဒီတစ်ခါလည်း နားလည်ရခက်တဲ့ အမိန့် အာဏာ
မမျှတမှုတွေအကြောင်းကို တင်ပေးချင်ပါတယ်။
ပထမမြောက် နိကိုလပ် ဇာဘုရင်
ရုရှားပြည် ပထမမြောက် နိကိုလပ် ဇာဘုရင်(၁၈၂၅ -၁၈၅၅)
လက်ထက်ကပါ။သူလက်ထက်မှာ သူ၏စစ်သားရဲဘော်အသစ်တွေ
ကို စစ်ရေးလေ့ကျင့်မှု တစ်ခုမဖြစ်မနေလုပ်စေပါတယ်။ဘယ်လိုလဲ
ထည့်ထားတဲ့ ဖန်ခွက်တစ်ခုကိုတင်ပေးထားပါတယ်။ပြီးတော့ လူကို
တစ်နေရာတည်းမှာ မြဲမြဲ ခိုင်ခိုင်ရပ်စေပြီး ခြေထောက်ကိုမြှောက်ချည်
ချချည် လုပ်ခိုင်းပါတယ်။
ဒါကတော့ လေ့ကျင့်သားပြည့်ဝအောင်လုပ်ခိုင်းတာမို့ မဆိုးပါဘူး။
အဲ…ဆိုးတာက သူအပြစ်ပေးတဲ့ပုံစံကတော့နဲနဲ နားလည်ရခက်ပါတယ်။
အဲဒီလို စစ်ရေးလေ့ကျင့်နေရင်း ခေါင်းပေါ်ကဖန်ခွက်ထဲက ရေတွေဖိတ်
စင်သွားရင်…ရေတစ်စက်ကျရင် နောက်တစ်နှစ်စစ်မှုဆက်ထမ်းရပါတယ်။
ကျသွားတဲ့ ရေစက်တိုင်းကို ရေတွက်ပြီး စစ်မှုထမ်းသက်ကိုတစ်နှစ်စီတိုး
ကာမဖြစ်မနေ ထမ်းဆောင်ရပါတယ်။
တစ်ဖန်ခွက်လုံးများမှောက်ကျသွားရင်တော့ မတွေးဝံ့ စရာနော်။
တပ်ထဲက မထွက်ရဘူးကွာ ဆိုပြီး အမိန့်သတ်မှတ်လို့ရပေမယ့်
မလုပ်ဘဲ ဒီလို စမ်းသပ်တာကိုက ဘုရင်ကြီး တရားမျှတပါတယ်ဆိုပြီး
ကြံဖန်ပြီး ချီးကျူးမယ်ဆိုရင်တော့ ရပါတယ်နော်။
နောက်ထပ် အဖြစ်လေးကလည်း တစ်မျိုးဆန်းနေပါတယ်။
၁၈၁၅ ခုနှစ်ကပါ။ ဗြိတိသျှတပ်မတော်(ယော့ရှိုင်းယားနှင့်လန်ကက်စ်တာ)
တပ်ရင်း အမှတ်(၈၄)က တပ်သား ပရိုက်ဗိတ် ဂျွန် ဝီလ်ဆန် ကို
စွဲချက်ကလည်းထူးဆန်းပါတယ်။ဒါကတော့ အာဏာဖီဆန်မှုထဲမှာ
စစ်သားများနေ့ စဉ်သောက်ဖို့ ပေးတဲ့ ရမ်အရက်ရာရှင်ကို
လက်ခံရန်ငြင်းပယ်ခြင်း ဆိုတာ ပါဝင်နေပါတယ်။
၁၈၁၅ နိုဝင်ဘာလ ထဲ အိန္ဒိယပြည် ဘန်ဂလောမှာသူ့ ကိုစစ်ခုံရုံးတင်
စစ်ဆေးခဲ့ပါတယ်။
သူကတော့သေရည်သေရက်ကို တစ်သက်လုံးရှောင်ဖို့ သစ္စာပြုထားသူ
ပါလို့ ခုံရုံးမှာ အသနားခံတင်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး သူ့ ကို ပစ်သက်လိုက်
ကြပါတယ်။ဘန်ဂလော က အက်ဂရမ်သင်္ချိင်းမှာ မြှုပ်နှံပေးပြီး
ကမ္ပည်းကျောက်စာကိုတော့ သင့်သလိုရေးပေးထားပါတယ်။
သြော်…အရက်မသောက်တာ အာဏာဖီဆန်တာလားဗျာ။
ကျန်တဲ့ပြစ်ချက်တွေကြောင့် သေရတယ်ဆိုတောင် ဒီစွဲချက်
တစ်ခုကတော့ အရုပ်ဆိုးပါတယ်။တကယ်လို့ အပြစ်မရှိပဲ
အထက်အရာရှိတွေက မတည့်လို့ လုပ်တာဆိုရင်ဖြင့် ………
Jul 21, 2013 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...