အွန်းလိုင်း ဆိုရှယ်မီဒီယာ တွေပေါ်တွင် နာမည်ကြီးနေသော ထိုင်းနိုင်ငံမှ
သနားစရာ ခွေးကလေးတစ်ကောင်အကြောင်း နေခရမ်း တင်ပေးခဲ့တာ
မကြာသေးပါဘူး။ ယခုရက်ပိုင်းအတွင်းမှာပဲ ထိုသနားစရာကောင်းလှတဲ့
ခွေးကလေး သတင်းထပ်ရသဖြင့် စိတ်မကောင်းစွာ ထပ်တင်ပေးလိုက်ပါတယ်။

လူအများက ကျောက်လုံ ဟုအမည်ပေးထားသော ခွေးမကလေးသည်
ထိုင်နိုင်ငံ၏ ချန်ထဘူရီ (Chanthaburi) အဝေးပြေးလမ်းမဘေးမှာ သူ၏
သခင်များကို နေ့စဉ်နေ့တိုင်း လှမ်းမျှော်ကာ စောင့်နေတတ်ပါသည်။
ကားတစ်စီးစီးမှ ထွက်ကျကျန်နေခဲ့တာလား။ ဒါမှမဟုတ် တမင်ပင်
စွန့်ပစ်ထားခဲ့တာလား မသိရပေမယ့် ခွေးကလေးကတော့ နေ့တိုင်း
လမ်းမဘေးမှာ ထိုင်နေကာ သခင်ပြန်လာခေါ်အောင် စောင့်နေတတ်ပါသည်။

တစ်နှစ်ကျော်ကြာသည် အထိ ပုံမှန်လမ်းမဘေးမှာ မျှော်ကာ
စောင့်နေခြင်းပါ။ထို့ကဲ့သို့ သနားစရာ အဖြစ်အပျက်ကို ဆိုရှယ်မီဒီယာ
များပေါ်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ပြီး လာရောက်ကြည့်ရှု့
ပြီး သနားသဖြင့် မွေးရန် လာခေါ်တတ်ကြပါသည်။

ဒါပေမယ့်
ကျောက်လုံဟု အများက အမည်ပေးထားသော ခွေးကလေးကတော့
မည်သူ ခေါ်ခေါ်မလိုက်ပါ။ ခေါ်ရန်အနားကပ်လာလျှင် တောထဲ အဝေးသို့
ထွက်ပြေးသွားတတ်ပါသည်။ အစားကျွေးလျှင်တော့ လာစားတတ်ပါသည်။
သူ့သခင် လာခေါ်ရန်သာ စောင့်နေတတ်ပြီး မည်သူနှင့်မှ မလိုက်ခဲ့ပါ။
ထို့ကြောင့်ပင် အများက အတင်းခေါ်ရန်မကြိုးစား ကြတော့ပဲ
ဆိုရှယ်မီဒီယာ များကြောင့် သူ့သခင် ရှာတွေ့ကာ ပြန်လာခေါ်ရန်ကာ
မျှော်လင့်နေကြပါသည်။ နေခရမ်းလည်း ထိုကခွေးကလေးအပေါ်
ထိုသို့ပင် မျှော်လင့် ဆုတောင်းဖူးပါသည်။

သို့ပေမင့် ကံတရားက ခွေးကလေးနှင့် သူ၏ သခင်ကို အပြီးအပိုင်
ခွဲလိုက်ပါပြီ။ လွန်ခဲ့သော ရက်ပိုင်းကပင် လမ်းဘေးတစ်နေရာ၌
ကားတိုက်၍သေဆုံးနေသော ခွေးလေးကို တွေ့ကြရပါသည်။
ထိုစိတ်မကောင်းစရာ သတင်းကို ၂၀၁၆ ခု၊ စက်တင်ဘာလ
၂၅ရက်နေ့ တွင် မီဒီယာများတွင် ပါဝင်လာခဲ့ပြီး
ခွေးကလေးကို ချစ်သူများရောက်ရှိလာခဲ့ကြကာ သူ၏ နောက်ဆုံး
ခရီးကို သူနေ့တိုင်းစောင့်နေတတ်သော လမ်းဘေးမှာပင် မီးသဂြိုလ်
ပေးလိုက်ကြပါသည်။
နောင်ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုး မျိုးမှ ဝေးကွာပါစေကွယ်….
ဗန်ကောက်ပိုစ့် တွင်ပါလာသော ခွေးကလေးသတင်း….
http://www.bangkokpost.com/news/general/1094680/famous-dog-waiting-for-owner-dies
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ............... နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။