Sunday, September 30, 2012

ဆင်ရေးဆွဲသည့် ပန်းချီအား ရောင်းချပြီး တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးအတွက် လှူဒါန်း


 ဗြိတိန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားဒေသ Whipsnadတိရစ္ဆာန်ရုံရှိ အာရှစွယ်စုံဆင်ကြီးက နှာမောင်းဖြင့် စုတ်တံကိုကိုင်ဆောင်ကာ သစ်သားပြားပေါ်တွင် အရောင်များ ရေးခြယ်ထားသည့် ပန်းချီလက်ရာကို ပြသရောင်းချကာ ရရှိသည့်အကျိုးအမြတ်ကို တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၀ရက် သတင်းများတွင် ဖော်ပြခဲ့သည်။
၁၄နှစ်သားအရွယ် ကာရစ်ခ်ျမာအမည်ရှိ အဆိုပါဆင်သည် Whipsnadတိရစ္ဆာန်ရုံရှိ ဆင်ကိုးကောင်အနက် တစ်ကောင်ဖြစ်ပြီး အပတ်စဉ် စနေနှင့်တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တိရစ္ဆာန်ရုံသို့ လာရောက်လည်ပတ်ကြသည့် ဧည်သည်များကို ထူးဆန်းအံ့သြဖွယ်အမူအရာများ၊အာရှတွင်ရေပန်းစားနေသော ဆင်အကများနှင့် နှစ်လိုဖွယ်ကောင်းအောင် အပတ်စဉ်ဖျော်ဖြေပေးခဲ့သည်။
ကရစ်ခ်ျမာသည်စုတ်တံကို နှာမောင်းဖြင့်ကိုင်တွယ်ကာ ဆေးရောင်စုံခြယ်သရခြင်းကို နှစ်သက်သဘောကျပြီး ထိုကဲ့သို့ ရေးဆွဲထားသည့် ဆေးရောင်စုံပန်းချီကို ရောင်းချပြီး နိုင်ငံတကာရှိ သဘာဝတောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း အဆိုပါတိရစ္ဆာန်ရုံ၏ အကြီးအကဲတစ်ဦးဖြစ်သူ ဗီဘန့်ဗေဆာရီက သတင်းထောက်များကို ပြောကြားသွားခဲ့သည်။
ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...