Sunday, September 30, 2012

သွားပေါ်၌ ခုံရှည် ၂၃လုံးကို ဟန်ချက်ထိန်းပြကာ ကမ္ဘာ့စံချိန်ချိုး


တရုတ်နိုင်ငံသား တစ်ဦးသည် သူ၏သွားပေါ်၌ သစ်သားခုံရှည် ၂၃လုံးကိုထားကာ ဟန်ချက်ထိန်းပြပြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ သူသည် တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ယင်းကဲ့သို့ လုပ်ဆောင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက်၃ဝ အရွယ်ရှိ လီဟောင်ကျောင်းသည် ကလေးဘဝ အရွယ်ကတည်းက သွားများပေါ်၌ ပစ္စည်းများကို ဟန်ချက်ထိန်းရန် လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ သူဟန်ချက် ထိန်းပြခဲ့သည့် ခုံရှည်တစ်လုံးသည် တစ်မီတာ (၃ဒသမ ၂၈၃ပေ) ရှည်လျားပြီး ၄၅စင်တီမီတာ မြင့်ကာ အလေးချိန် သုံးကီလိုဂရမ် ရှိသည်။ ခုံရှည်များအားလုံး၏ စုစုပေါင်း အလေးချိန်သည် ၆၉ကီလိုဂရမ် ရှိသောကြောင့် သူ၏ ခန္ဒာကိုယ်အလေးချိန် ၇၅ကီလိုဂရမ် နီးပါးရှိသည် ဟုဆိုသည်။ လီဟောင်ကျောင်းသည် ချုံကင်းမြို့နယ်၊ ရှန်ကျာအိုအရပ်၌ နေထိုင်ကြောင်း သိရသည်။ ယခင် ဂင်းနက်စ်ကမ္ဘာ့စံချိန် ဟောင်းမှာ ခုံရှည် ၁၄လုံးသာ ဖြစ်သောကြောင့် စံချိန်သစ်သည် စံချိန်ဟောင်းထက် များစွာပို၍ များပြားသည် ဟုဆိုသည်။
  ref: ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...