Tuesday, May 23, 2017

ဘာဘွန်း မျောက်များ ဒီမိုကရေစီစနစ် ကျင့်သုံး


ဒီမိုကရေစီသည် လူသားမျိုးနွယ်၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်ပြီး လူသားနှင့် တိရစ္ဆာန်ကြား ခွဲခြားထားပေးသည့် စနစ်တစ်ခုဟု အနောက် နိုင်ငံသားများက ယူဆနေသော်လည်း ယင်းယူဆမှု မှားသွားပြီ ဖြစ်သည်။
            ဘာဘွန်း မျောက်များသည် အုပ်စုလိုက် ဆုံးဖြတ်ချက် ချမှတ်ရာတွင် ဒီမိုကရေစီ ပုံစံတစ်ခုကို ကျင့်သုံးလေ့ ရှိကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ဘာဘွန်းများသည် လွှမ်းမိုးတတ်သော အကောင်များ၏ အုပ်ချုပ်မှုဖြင့် အဆင့်ဆင့် ဖွဲ့စည်းကာ နေထိုင်တတ်သော်လည်း အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်ရာတွင် လွှမ်းမိုးတတ် သူများသည် ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ခွင့် မဲ့သွားကာ အုပ်စု၏ အလိုကို လိုက်လျောရလေ့ ရှိကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။

            ''ဘာဘွန်း မျောက်တွေနဲ့ ပတ်သက်ပြီး သိပ်သဘောကျတဲ့ အချက်က အရာရာနီးပါးကို အတူတူ လုပ်တာပဲ'' ဟု ဂျာမနီနိုင်ငံ မက်စ်ပလန့် ခ်အင်စတီကျူမှ ပညာရှင် အိုင်ကူဆင်က ပြောဆိုခဲ့သည်။
            ဘာဘွန်း မျောက်များ၏ လုပ်ကိုင်ပုံကို သိရှိရန် အတွက် ကူဆင်သည် ကင်ညာနိုင်ငံ ဆာဗန်နာ တောထဲရှိ ဘာဘွန်းမျောက် တစ်ကောင်ချင်းစီတွင် ဂျီပီအက်စ်စက် တပ်ဆင်ပေးခဲ့သည်။ ဂျီပီအက်စ်မှ ပေးပို့သော သတင်းအချက်များကို ခွဲခြမ်း စိတ်ဖြာပြီး ဘာဘွန်းများ သွားလာရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပုံကို လေ့လာခဲ့သည်။
            ကနဦးတွင် တစ်ကောင် နှစ်ကောင်သည် အုပ်စုမှ ခွဲထွက်ပြီး သွားချင်သည့် လမ်းကြောင်း တစ်ခုကို အဆိုပြုသည်။ တူညီသော လမ်းကြောင်းတစ်ခုကို သွားရန် အဆိုပြုသူ ဦးရေများလေ အုပ်စုထဲမှ ကျန်ရှိသူများသည် အဆိုပြုသူများ ရွေးချယ်သော လမ်းကို လိုက်ရန် ဖြစ်နိုင်ခြေများလေ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
            ယင်းနေရာတွင် လွှမ်းမိုးတတ်သူ အကောင်များ၏ ဆုံးဖြတ်ချက်သည် အရေးပါလေ့မရှိချေ။ ကောင်ရေတူသည့်  အုပ်စုနှစ်စုက  ဆန့်ကျင်ဘက် လမ်းကြောင်းကို ရွေးသည့်အခါလည်း ရှိတတ်သည်။ လမ်းကြောင်း နှစ်ခုကြား ကွာဟချက်သည် (၉၀) ဒီဂရီထက် လျော့နည်းပါးက ကျန်ရှိသော တိရစ္ဆာန်များသည် အဆိုပြုသော နှစ်လမ်းစလုံးကို မရွေးဘဲ ကြားလမ်း တစ်ခုကိုသာ ရွေးလေ့ရှိကာ အဆိုပြုသူများကလည်း ကြားလမ်းရွေးသူများ နောက်ကသာ လိုက်လေ့ ရှိတတ်ကြောင်း ကူဆင်က ပြောသည်။
Source:DM
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...