Thursday, September 15, 2016

လက်တစ်ရာနှင့် သတ္တဝါဆန်း

http://i1183.photobucket.com/albums/x474/konay1/general%203/1964966_782420435134229_3697225208046848162_n.jpg
ကမ္ဘာမြေတွင် ရှိနေမည်ဟု ထင်မှတ် ဖွယ်ရာ မရှိသည့် ထူးဆန်းသည့် သက်ရှိ သတ္တဝါ တစ်မျိုးကို စင်ကာပူ တံငါသည် တစ်ဦးက ပင်လယ်အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်
အွန်ဟန်ဘွန်းဆိုသူ အသက်၅၄နှစ်ရှိသူတစ်ဦးသည် အပျော်ငါးဖမ်းခြင်းကို မွေ့ လျော်ပြီး ၎င်း၏နေ့ လည်စာ အတွက် လတ်လတ်ဆတ်ဆတ် စားနိုင်ရန် ငါးဖမ်းထွက်ရာ အဆိုပါ ဆန်းပြားသည့် သတ္တဝါတစ်မျိုးကို ဖမ်း ဆီး ရမိခဲ့ခြင်း ဖြစ်သည်။
ဆန်တိုဆာ ကျွန်းတွင် အွန် ဖမ်းမိခဲ့သည့် သတ္တဝါဆန်း၏ အသွင်အပြင်မှာ လက်တံများ ၁၀၀ ခန့် ပါရှိပြီး သွင်ပြင်ဆန်းသည့် သတ္တဝါဖြစ် သည်။ အွန်က ကျွန်းပေါ်တွင် ဘီယာသောက်ရင်း ငါးဖမ်းလိုက်၊ စား
သောက်လိုက်ဖြင့် အပန်းဖြေ နေလျက်ရှိရာမှ ယခုသတ္တဝါကို ဖမ်းမိခြင်းဖြစ်သည်။
“ကျွန်တော်က ငါးမျှားနေခဲ့တယ်။ အဲအချိန်မှာ တော်တော်လေးလည်း ဆာနေပါတယ်။ ငါးစာကို လာသုတ် တာ တွေ့ တာနဲ့ ဖျတ်ခနဲ ဆွဲတင်လိုက်တာ ကျွန်တော် တအံ့တသြ ဖြစ်သွား တော့တာပဲ။ ဒါပေမယ့် ကျွန်
တော်ဆက်ပြီး ငါးမျှားတံကို ဆွဲတင်ခဲ့ ပါတယ်။ ကျွန်တော် မိထားတဲ့ အရာကို ကြည့်ပြီး တော်တော်လေး
ခေါင်းတောင် နောက်သွား ခဲ့ရတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ သတ္တဝါသည် ရေဘဝဲကောင်သဖွယ် လက်တံများ များစွာ ပါရှိပြီး ပုံသွင် က္ခဏာကမူ ထူးဆန်းသည့် သတ္တဝါ ဖြစ်သည်။ ကြယ်ငါး၊ ရေဘဝဲနှင့်အတူ ဂြိုလ်သား သတ္တဝါ အသွင်မျိုးလည်း ဆောင်သော အ
ကောင်ဖြစ်သည်။ “ကျွန်တော်ဘာသာ ထင်မြင်ယူဆ မိတာက ဒီသတ္တဝါဟာ ဂြိုလ်သားတစ်ကောင် ဒါမှမဟုတ် မျိုးဗီဇ ဖောက်ပြန်တဲ့ သက်ရှိ တစ်ကောင်ကောင် ဖြစ်မှာပဲလို့ ထင်မိပါတယ်”ဟု အွန်က
ပြောသည်။
ယင်း သတ္တဝါကောင်ကို အွန်လိုင်းပေါ်သို့ တင်ခဲ့ရာ တွင်လည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ သတ္တဝါ ၏ အမျိုးအမည်ကို ခွဲခြားပြောနိုင်ခြင်း မရှိသေးပေ။ “ကျွန်တော် အသိအကျွမ်းတွေကိုလည်း မေးတယ်။ ဘယ်သူမှ ဒီသတ္တဝါ အကြောင်း မပြောနိုင် ကြပါဘူး။ နောက် အံ့သြ စရာတော့ သိပ်မရှိပါဘူး။ ခုခေတ် မှာ ရေထု ညစ်ညမ်းမှုက မြင့်တက် လာခဲ့ပြီလေ။ ဒါကြောင့် ဒီလို သတ္တဝါ ဆန်းတွေ ဗီဇ ဖောက်ပြန်မှု အရ ပေါက်ဖွားလာ နိုင်တာပဲ ဖြစ်မှာပါ”ဟု အွန်က ပြောသွား ခဲ့သည်။
credit;searchmyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...