Sunday, September 3, 2017

နှစ်ပေါင်း ၉၀၀ခန့် အာတိတ်စက်ဝိုင်းအနီး ရေခဲပြင်တွင်းက မံမီရုပ်အလောင်းကို တွေ့ရှိ


ရုရှားအာတိတ်သုတေသနစင်တာ မှ ရှေးဟောင်းသုတေသီများက အာတိတ် စက်ဝိုင်းအနီး ရေခဲပြင်အတွင်း လွန်ခဲ့ သည့်နှစ်ပေါင်း ၉၀၀ခန့်က သေဆုံးနေ ခဲ့သော အသက် ၃၅နှစ်ဝန်းကျင်အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို မပျက် မယွင်းဘဲ မံမီအလောင်းအဖြစ် ရှာဖွေ တွေ့ရှိခဲ့ကြကြောင်းသိရသည်။ ပိုလာ မင်းသမီးဟု အမည်ပေးထားသည့် ယင်း ရေခဲပြင်မံမီ အမျိုးသမီးရုပ်အလောင်း တွင် မျက်တောင်မွေးများနှင့် ဆံပင်များပင် နဂိုအတိုင်း တည်ရှိနေသေးပြီး ဝင်ရိုးစွန်း ဒေသ၏ အစဉ်အေးခဲနေသော နက်ရှိုင်း မြေလွှာအတွင်း ၁၂ရာစုခန့်က မြှုပ်နှံခံ ထားခဲ့ရပြီး အလောင်းနှင့်အတူ ကြေးက ရားနှင့် သားမွေးများကိုလည်း တွေ့ရှိထား ခဲ့ကြောင်း ရုရှားရှေးဟောင်းသုတေသီ အလက်ဇန္ဒားဂူဆပ်ဗ်က ပြောကြားခဲ့ သည်။

 ယခင်က အဆိုပါမြေနေရာမှာ အ မျိုးသားများကိုသာ မြှုပ်နှံထားခဲ့သည့် နေရာဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း သက်လတ်ပိုင်း အမျိုးသမီးအနေဖြင့် ယင်းရုပ်အလောင်းတစ်ခုတည်းကိုသာ တွေ့ရှိထားခဲ့သောကြောင့် အဆိုပါအမျိုး သမီးမှာ ၎င်းတို့လူမျိုးစုအတွင်း ရိုသေ လေးစားခံရသူ အမျိုးသမီးတစ်ဦးဖြစ် မည်ဟု သုတေသီများက သုံးသပ်ထားခဲ့ ကြသည်။ ရုရှားနိုင်ငံ၊ ဆာလီခတ်မြို့အနီးရှိ ဇီလီနီယာသချုØင်းတွင် ယင်းအမျိုးသမီး မံမီရုပ်အလောင်းကို သုတေသီများ တူး ဖော်တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ယင်းနေ ရာမှ တူးဖော်ခဲ့သမျှ အမျိုးသား ရုပ်အ လောင်း ၃၀ကျော်ရှိခဲ့ပြီး အမျိုးသမီး ရုပ်အလောင်းမှာ ယခုတွင်မှ တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်သဖြင့် ပိုလာမင်းသမီးဟု သုတေသီများက အမည်ပေးထားခဲ့ကြ ခြင်းဖြစ်သည်။ ဦးခေါင်းခွံတစ်ခုလုံးမှာ အကောင်းပကတိတိုင်းကျန်ရှိသော်လည်း ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ကြေ မွနေခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ၎င်း အမျိုးသမီးအလောင်းကို တွေ့ရှိရာအနီး တွင်း သမီးငယ်တစ်ဦး၏မံမီရုပ် အ လောင်းကိုလည်းတွေ့ရှိထားပြီး ကနဦး လက်ရှိအနေအထားအရ အလောင်းနှစ် ခုမှာပတ်သက်မှု မရှိဟု သုတေသီများက ယူဆထားကြကြောင်း ဒေါက်တာဆာဂေး ဆလပ်ချန်ကိုကပြော ကြားခဲ့သည်။


(DM, 5.8.17)
Credit : Pyimyanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...