
ရုရှားနိုင်ငံမြောက်ပိုင်း အလွန်အေးခဲလှသည့် ဆိုက်ဘေးရီးယားဒေသ အူရယ်လ်တောင်တန်းမှ အော်ရာ လိုဏ်ဂူအတွင်းရှိ ရေကန်တွင် ရေအောက်မှအမျိုးသမီး အမည်ရှိ ဂန္ထ၀င်ဓာတ်ပုံများကို ရုရှားရေကူးမယ် နာတာလီယာ အက်ဗ်ဆင်ကိုက နှစ်ရက်ကြာ ရိုက်ကူးခဲ့သည်။ ကမ္ဘာ့အနက်ဆုံး စာရင်းဝင် အော်ရာလိုဏ်ဂူ၏ ဂူအတွင်း အပူချိန်သည် အနုတ်၂၃ ဒီဂရီစင်တီဂရိတ် ရှိသောကြောင့် ရေခဲတမျှအေးစက်ကာ ရေအောက်တွင် ကိုက်၅၀၀န်းကျင်ထိ ကြည်လင်စွာ မြင်နိုင်လောက်အောင် ရေမှာ ကြည်လင်လျက်ရှိသည်။
ဒိုင်ဗင်ချန်ပီယံဟောင်း နာတာလီယာ အက်ဗ်ဆင်ကိုသည် ရေအောက် ၅၅ပေအနက် ၀န်းကျင်တွင် ဓာတ်ပုံအရိုက်ခံခဲ့ပြီး ထိုသို့ရိုက်ကူးစဉ် သုံးမိနစ်တစ်ကြိမ် အသက်ရှူရန်အတွက် ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်ခဲ့သည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။