Monday, September 10, 2012

အမွှာပူးမွေးခဲ့တဲ့ အသက်၇၀အရွယ်အဖွားအို


အသက် ၇၀ အရွယ်မှာ အမွှာပူးမွေးခဲ့တဲ့အဖွားအိုနာမည်ကတော့ Omkari Panwar ဖြစ်ပါတယ် ။ တကယ်တော့ သားတစ်ယောက်တည်းရဖို့သာ ရည်ရွယ်ခဲ့တာပါ ။ အသက် ၇၀ အရွယ်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထား တဲ့ သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဟာ အဖွားအိုကို အမွှာပူးမွေးစေခဲ့ပါတယ် ။ သူမ ရဲ့ အမျိုးသားကတော့ အသက် ၇၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘိုးဘိုး Charan Singh Panwar ဖြစ်ပါတယ် ။
သားယောင်္ကျားလေးမထွန်းကား တဲ့ သူတို့ဆီ မှာ ဒီအဖွားအို အရွယ်နဲ့ IVF treatment ပေးဖို့ လယ်သမား အဖိုးဘိုဟာ ကျွဲနွားတွေရောင်းခဲ့ရတယ် ။ သူ့လယ်တွေ ကိုပေါင်ပြီး သူ့ဇနီးအသက်ရှင်ရေးနဲ့ ချောချော မွေ့မွေ့ဖြစ်စေ ရေးသုံးစွဲခဲ့ ရတယ် ။ သူတို့ဟာ အကြွေး ကဒ်တွေကိုလည်း ချေးငှားသုံးစွဲခဲ့ရပါသေးတယ် ။
အားလုံး အဆင်သင့်ဖြစ်တဲ့အခါ Mrs Panwar ဟာ ယောင်္ကျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ကို New Delhi မှ ၇ နာရီလောက်ကားမောင်းသွားရတဲ့ Muzaffarnagar မှ ဆေးရုံမှာ အရေးပေါ် ဗိုက်ခွဲ ကလေးမွေးခြင်း Emergency Caesarean section ပြုလုပ်ခဲ့ပါတယ် ။

ကလေးလေး နှစ်ယောက်မှာ တစ်ယောက်စီဟာ ၂ ပေါင်စီရှိပြီး ဆရာဝန်တွေပြောဆိုချက်အရတော့ ကျန်း မာရေးကောင်း မွန်တယ်လို့ သိရပါတယ် ။ Panwar မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ သမီးနှစ်ယောက် ရှိပြီး မြေး ငါးယောက်ရှိပါတယ် ။
ဒါဆို သူတို့ ဒီအသက်အရွယ်ကြီးမှ ဘာကိုစောင့်ဆိုင်းနေကြပါသလဲ သားတစ်ယောက်ရရှိဖို့ပါတဲ့ ။ အိန္ဒိယမှာ သတို့သမီးက သတို့သားကို မင်္ဂလာဆောင်ရင်ပစ္စည်း ဥစ္စာပေးသွင်းရတဲ့ စနစ် Dowry ဆိုတာ ရှိပါတယ် ။ အကယ် ၍များ သူတို့သားတစ်ယောက်လောက်များ ထွန်းကားခဲ့ရင် သတို့သမီး ဖက်က ပေးမယ့် ငွေကြေးနဲ့ သူတို့ လယ်ကလေးမြေကလေးကို ပြန်လည်ပိုင်ဆိုင်ခွင့်ရဖို့ အတွက်ပါတဲ့ ။
Mrs Panwar က ` ကိုယ်ဝန် ၈ လလောက်မှာ အတော်ကသီလင်တနိုင်ပြီး နာလည်းနာလာပါတယ် ဒါပေမယ့် ဒီထက် စောစော မွေးလိုက်ရင်လည်း ဘာတွေဖြစ် မယ်ဆိုတာသိပါတယ် တခါတရံကျတော့ လည်း ကောင်းတဲ့အ ရာတစ်ခုခုကို မျှော်လင့်ထားရင် နာကျင်မှုကို ရင်ဆိုင်ရဲရမယ်မဟုတ်လား ´ လို့ပြောဆိုခဲ့ပါတယ် ။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...