Thursday, June 28, 2012

ဆေးရုံတက်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်းသိရသူ




အမျိုးသားတစ်ဦးသည် ကျောက်ကပ်၌ ကျောက်တည်သောကြောင့် ဆေးရုံတက်ကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်း သိရသည် ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သော စတိဗ်ခရီဆဲလ်လီး ယပ်စ်သည် မွေးလာစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အင်္ဂါနှစ်ရပ်စလုံး ပါဝင်ခဲ့ပြီး ကာလကြာရှည်စွာ သူ၏အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်ဟုဆိုသည်။ အာထရာ ဆောင်းစစ်ဆေးမှု၌ အမျိုးသမီးအင်္ဂါများကို တွေ့ရှိခဲ့ရပြီးနောက် အမျိုးသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းလဲကာ နေထိုင်ခဲ့ရသည်။ သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ် ထောင်ပြုခဲ့သူဖြစ်ပြီး ဇနီးနှင့်ကလေး ခြောက်ယောက်ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်အစားများနှင့် မိတ်ကပ်တို့ကို လှိျု့ဝှက်စွာ အသုံးပြုဖူးသော်လည်း မည်သူ့ကိုမှ ဖွင့်ပြောခဲ့ခြင်း မရှိဟုဆိုသည်။ အသက် ၄၀အရွယ်၌ ဆေးရုံတက်ရောက်သည့် အခါကျမှ သူ့ထံတွင် အမျိုးသမီးအင်္ဂါများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...