Sunday, June 25, 2017

သားသမီးတွေထက် ပိုမိုနုပျိုနေတဲ့ မိခင်များ


ပြီးခဲ့တဲ့ရက်ပိုင်းက ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တစ်ခုဟာ အတော်လေး ရေပန်းစား သွားခဲ့ပါတယ်။ အဲဒါကတော့ အသက် (၄၂) နှစ်အရွယ် မိခင်တစ်ဦးဟာ အသက် (၁၉)နှစ်အရွယ် သမီးဖြစ်သူထက် ပိုမို နုပျိုနေခြင်း ဖြစ်ပါတယ်။
      ကမ္ဘာတစ်ဝန်းမှာ ဒီလိုဖြစ်စဉ်တွေ အများကြီးရှိကြောင်း ဒေးလီးမေးလ် သတင်းစာကို ဓာတ်ပုံတွေ ပေးပို့ခဲ့ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက သားသမီးတွေဟာ သူတို့ထက် မိခင်ဖြစ်သူက ပိုမိုချောမော နုပျိုနေတာကို ဂုဏ်ယူနေကြခြင်း ဖြစ်ပါတယ်။ ဒေးလီးမေးလ်ကို ပေးပို့တဲ့ ဓာတ်ပုံတွေမှာ မိခင်ဖြစ်သူနဲ့ သမီး၊ မိခင်ဖြစ်သူနဲ့ သားတို့ အတူ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ အသက် (၆၀) နှစ်အရွယ် မိခင်နဲ့ အသက် ( ၃၀)နှစ်အရွယ် သမီးတို့ ဘီကီနီဝတ်စုံ ၀တ်ဆင်ပြီး ရိုက်ကူးထားရာမှာ မိခင်ဖြစ်သူ ဘယ်ဆိုတာကို မခွဲခြားနိုင်အောင် ဖြစ်သွားခဲ့ရပါတယ်။ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်း အသက် (၄၀) နှစ်အရွယ် မိခင်ဖြစ်သူနဲ့ တွဲရိုက်ခဲ့ရာမှာ မိခင်ဖြစ်သူရဲ့ ချောမောမှုက ပိုနေတာ တွေ့ခဲ့ရပါတယ်။ အသက် (၁၉) နှစ်သား ကလည်း  အသက် (၄၀) နှစ်အရွယ် မိခင်ဖြစ်သူနဲ့ တွဲရိုက်ရာမှာ သားဖြစ်သူဟာ ရုပ်ရင့်နေတာကြောင့် ချစ်သူရည်းစား အဖြစ်တောင် အထင်ခံကိန်း ဆိုက်နေကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ သားသမီးတွေဟာ သူတို့ရဲ့မိခင်တွေ ချောမောလှပနေတာကို နှစ်သက် ကျေနပ်နေကြောင်း ဒေးလီးမေးလ်ကို ပေးပို့တဲ့ ဓာတ်ပုံတွေမှာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...