Sunday, June 25, 2017

မိန်းကလေးများသည် ယောက်ျားလေးများထက် ငယ်ရွယ်စဉ်မှစပြီး ပိုမိုအမှီခို ကင်းဟုဆို

အမျိုးသမီးများအား အားနည်းသူ များအဖြစ် အစဉ်အလာ အားဖြင့် ပြောဆိုခဲ့သော်လည်း မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် သုတေသန တစ်ခုအရမူ မိန်းကလေး များသည် အသက်နှစ်နှစ်ခွဲ အရွယ်မှစပြီး ယောက်ျားလေးများထက် ကိုယ့်ကိုယ်ကိုယ် ပိုမိုအားကိုးနိုင်စွမ်း ပိုရှိပြီး အခြားသူများအပေါ် မှီခိုမှုပိုနည်းကြောင်း သိလိုက် ရပြီဖြစ်သည်။
          ယင်းအရွယ်တွင် မိန်းကလေးများသည် ယောက်ျားလေးများနှင့် နှိုင်းယှဉ်လျှင် အခြားလူများ အကူအညီ မပါဘဲ အစားစားတတ်၊ အ၀တ်အစား ၀တ်တတ်၊ ချွတ်တတ်ကာ မူကြိုတွင်လည်း လူမှုဆက်ဆံရေး ပိုမိုပြေပြစ်ကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။ နော်ဝေနိုင်ငံရှိ အသက် (၂) နှစ်ခွဲ အရွယ်ရှိ ကလေးငယ် (၁၀၀၀) ကျော်ကို လေ့လာမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

          စတာဗန်ဂါ တက္ကသိုလ်ရှိ နော်ဝေစာ ဖတ်မှုပညာရေးနှင့် သုတေသနဌာ၏ စတာဗန်ဂါ ပရောဂျတ်အရ လေ့လာမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မူကြိုဝန်ထမ်း များအား ကလေးငယ်များ၏ ပုံပြောမှုနှင့် ၀ိုင်းကြီးပတ်ပတ် ကစားနည်းကဲ့သို့ ကစားမှုများအား စောင့်ကြည့် မှတ်တမ်းတင် စေခဲ့သည်။ ထို့ပြင် ကလေးငယ်များ အစားအစာ စားသောက်ချိန်၊ မစင်စွန့်ချိန်၊ အ၀တ်အစား လဲချိန်များနှင့် ချိန်သားကိုက်စွာ နေထိုင်ခြင်း ရှိမရှိကိုလည်း စောင့်ကြည့်စေသည်။
          မိန်းကလေးများသည် အ၀တ်အစား လှဲလှယ်ရာတွင် ယောက်ျားလေးများထက် ပိုမိုအမှီအခို ကင်းပြီး၊ ကစားနည်း တစ်မျိုးမှ အခြားကစားနည်း တစ်မျိုးသို့ ပြောင်းလဲရာတွင်လည်း ယောက်ျားလေးများထက် ပိုမိုလွယ်ကူစွာ ပြောင်းလဲနိုင်ကာ ကစားဖက်များနှင့် ပိုမိုအဆင်ပြေစွာ ကစားနိုင်ကြောင်း တွေ့ရှိခဲ့သည်။
          ““သီချင်းဆိုတာ၊ ပုံပြောတာတွေ၊ ၀ိုင်းကြီးပတ်ပတ် ကစားတာတွေမှာလည်း မိန်းကလေးတွေက ပိုမိုစွမ်းဆောင်မှု မြင့်တယ်””ဟု လေ့လာမှုတွင် ပါဝင်ခဲ့သည့် အယ်ဆာကယ်ဗတ်က ပြောဆိုခဲ့သည်။ အသက် နှစ်နှစ်ခွဲအရွယ်တွင် မိန်းကလေး (၂၁ ဒသမ ၃) ရာခိုင်နှုန်းသည် သေးခံများကို မသုံးလိုတော့ဘဲ သန့်စင်ခန်းသုံး လိုကြောင်း ပြောဆိုခဲ့သော်လည်း ယောက်ျားလေး (၇ ဒသမ ၅) ရာခိုင်နှုန်းကသာ အလားတူ ပြောဆိုခဲ့ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
          ယခုတွေ့ရှိမှုကို အစောပိုင်း ကလေးငယ်ဘ၀ ပညာရေးဂျာနယ်၌ ဖော်ပြထားသည်။                      
Source:DM
Credit: messengernewsjournal.com 

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...