Sunday, July 21, 2013

အမျိုးသမီး ၁ဝ၁ ဦးပါဝင်သော Pearls of the Sky ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ စံချိန်သစ်တင်


မော်စကို   ဇူလိုင်   ၁၆
အမျိုးသမီးသီးသန့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့ဖြစ်သော Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ရင်သပ် ရှုမောဖွယ်ကောင်းလှသော ပြကွက်ကို ဝေဟင်အတွင်း၌ ပြသပြီးနောက် ရုရှား နိုင်ငံတွင်
ယခင်က တင်ထားခဲ့သည့် စံချိန်ကိုကျော်၍ အဖွဲ့ဝင် အများဆုံး ပါဝင်သည့် ကောင်းကင် ဒိုင်ဗင်ထိုး အဖွဲ့အဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရသည်။
Pearls of the Sky အဖွဲ့သည် ၎င်းတို့၏ပြကွက်ကို ရုရှားနိုင်ငံ ကိုလမ်နာ မြို့ပေါ်ရှိ ဝေဟင်အတွင်း၌ ဇူလိုင် ၁၃ ရက်တွင် ပြသခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ပြကွက်မှာ   အဖွဲ့ဝင်များ က လေယာဉ်များပေါ်မှ ခုန်ဆင်းပြီးနောက်တွင် အဖွဲ့ဝင် တစ်ဦးစီ၏ လက်များကို ဆုပ်ကိုင်၍ ဝေဟင်အတွင်း၌ ပန်းပွင့်တစ်ပွင့်၏ ပွင့်ချပ်ပုံသဏ္ဌာန် ပေါ်လာအောင် ဖန်တီးပြသ ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ရုရှားနိုင်ငံတွင် ယခင် စံချိန်တင်ထားသည့် အဖွဲ့ဝင် အများဆုံးပါဝင်သော ကောင်းကင်ဒိုင်ဗင် ထိုးသမား အဖွဲ့၏ အဖွဲ့ဝင် ဦးရေမှာ ၈၈ ဦးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...