Sunday, July 28, 2013

သတိမေ့သွားသော အမေရိကန်ဒေါက်တာ နိုးထချိန်တွင် ဆွီဒင်ဘာသာစကားသာ ပြောဆိုနိုင်


အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် လူမျိုး ဆရာဝန်တစ်ဦးသည် ကယ်လီဖိုးနီးယားပြည်နယ် တည်းခိုရိပ်သာတစ်ခု၌ တည်းခိုစဉ် သတိမေ့မြောသွားခဲ့ပြီး နောက် ပြန်လည်နိုးထလာချိန်တွင် အတိတ်မေ့ရောဂါ စွဲကပ်ကာ ဆွီဒင်ဘာသာ စကားကို တစ်လျှောက်လုံး ပြောဆိုခဲ့သည်။ ၎င်းဆရာဝန်သည် တည်းခိုရိပ်သာဧည့်သည်မှတ်တမ်းတွင် မိုက်ကယ်ဘုတ်ဝှစ်အဖြစ် အမည်စာရင်းပေးသွင်းထားပြီးသတိမေ့မြောချိန်တွင် တည်းခိုရိပ်သာတာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
၎င်းပြန်လည်သတိရလာချိန်တွင် အတိတ်မှ အဖြစ်အပျက်အားလုံးကို မေ့လျော့ကာ ၎င်း၏အမည်ကို ဂျိုဟန်အက်ခ်ဟု ပြောကြားခဲ့သည်။ အာဏာပိုင်များက ၎င်း၏ မိသားစုဆွေမျိုးများနှင့် ဆက်သွယ်နိုင်ရန် စုံစမ်းလျက်ရှိသည်။ မိုက်ကယ်ဘုတ်ဝှစ်သည် တည်းခိုရိပ်သာသို့ လာရောက်တည်းခိုစဉ် တင်းနစ်ရိုက်တံများ သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် တင်းနစ်ပြိုင်ပွဲတစ်ခုမှ အပြန်တွင် ထိုတည်းခိုရိပ်သာသို့ လာရောက်တည်းခိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရဲများက မှတ်ချက်ပြုခဲ့သည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...