
လက္ခဏာကို ကြည့်ပြီး အနာဂတ် ဟောကိန်း ထုတ်တာကို ဟိုအရင်ကတည်းက ပြုလုပ်ခဲ့ကြပါ တယ်။ အခုအခါမှာ လက္ခဏာကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်လာတာဟာ ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံမှာ ခေတ်စားနေတယ်လို့ သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ငွေကြေး အောင်မြင်မှု ရရှိစေဖို့ လက္ခဏာလမ်းကြောင်းကို ပြုပြင်တတ်ကြပြီး အမျိုးသမီးတွေ အနေနဲ့ အိမ်ထောင်ရေး အဆင်ပြေစေဖို့ လက္ခဏာ ပြုပြင်ကြတယ်လို့ သိရပါတယ်။ လက်ဖ၀ါးပေါ်မှာ အသားစကို လျှပ်စစ်နဲ့ လောင်ကျွမ်းမှု ပြုလုပ်စေပြီး လက္ခဏာ အရာ ထင်အောင် ပြုလုပ်တယ်လို့ သိရပါတယ်။
ဇန်န၀ါရီလ ၂၀၁၁ ခုနှစ်မှ ယခုနှစ် မေလအထိ လက္ခဏာပြုပြင် သူ ၃၇ ယောက်ကို ဂျပန်နိုင်ငံ ရှုနမ်ဆေးခန်းမှာ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူအယောက် ၂၀ ကို ပြုပြင်ပေးသူ လက္ခဏာ ဒေါက်တာ မစုခက ''လက္ခဏာကို လေဆာရောင်ခြည်နဲ့ လိုင်းပြုလုပ်တာဟာ ထင်ရှားတဲ့ အမှတ်အသား မရနိုင်ပါဘူး။ လျှပ်စစ်နဲ့ ပြုပြင်မှသာ လက္ခဏာ အမှတ် ထင်ရှားနိုင်ပါတယ်'' လို့ ဆိုပါတယ်။ တစ်ကြိမ်ပြုလုပ်ရင် ၁၀ မိနစ်မှ ၁၅မိနစ် ကြာမြင့်တတ်ပြီး ငါးလိုင်းမှ ၁၀ လိုင်းအထိ ပြုပြင်နိုင်တယ်လို့ သိရပါတယ်။ တခိျု့လူတွေက မိမိလက်ဖ၀ါးပေါ်မှာ Marker Pen နဲ့ အရာပေးပြီး ခွဲစိတ်ဆရာဝန်ကို အဲဒီ လမ်းကြောင်းအတိုင်း ပြုပြင် ခိုင်းတယ်လို့ သိရပါတယ်။ ပြုပြင်သူအများစုဟာ အသက် ၃၀ အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေ ဖြစ်ကြ တယ်လို့ ဆိုပါတယ်။ လက္ခဏာ ပြုပြင်ပြီး ထူးခြားမှုရှိ၊ မရှိကို ဒေါက်တာမစုခကို မေးကြည့်ရာ''အမျိုးသမီး တစ်ယောက်က တော့ သူလက္ခဏာပြင်ပြီး မကြာခင်မှာပဲ မင်္ဂလာ ဆောင်လိုက်ရတယ် ဆိုပြီး ကျန်တဲ့ နှစ်ယောက်က လည်း ကံလမ်းကြောင်း လက္ခဏာပြုပြင်ပြီး ထီပေါက် သွားတယ်'' လို့ ဆိုပါတယ်။
လက္ခဏာဆရာ တစ်ယောက်က '' ကံလမ်းကြောင်းကို ဘယ်လိုပဲ ပြုပြင် ပြုပြင် ကံလမ်းကြောင်း က မပြောင်းလဲနိုင်ပါဘူး။ အကယ်၍ ကံလမ်းကြောင်း ကို ပြုပြင်လိုတယ် ဆိုရင် မိမိဘာသာ ပြုပြင်ရပါမယ်။ ဥပမာအားဖြင့် ကျန်းမာရေးကောင်း လိုရင် လေ့ကျင့်ခန်း ပြုလုပ်ရသလိုမျိုး ''လို့ ပြောပါတယ်။ ခွဲစိတ်ဆရာဝန် တစ်ဦးကလည်း '' လက္ခဏာကို ခွဲစိတ်ပြုပြင်တာကြောင့် ရောဂါပိုး ၀င်ရောက်နိုင်တဲ့ အပြင် နာကျင်မှုလိုမျိုး ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။ ဒီလို ပြုပြင်တာကြောင့် စိတ်ဓာတ်အင်အား မြင့်တက်လာပြီး လူရဲ့ ခံယူချက်ကို ပြောင်းလဲစေနိုင်တာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မလိုအပ်ဘဲ ခွဲစိတ်ကုသမှုကို မပြုလုပ် စေချင်ပါဘူး '' လို့ ဆိုပါတယ်။
ref:ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။