ဇွန်လ၁၅ရက်နေ့က နစ်ခ်ဝေါ်လန်ဒါ (၃၃နှစ်)ဆိုသူသည် နီယာဂါရာရေ တံခွန်ပေါ်၌
ကြိုးတန်းလမ်းလျှောက်ပြပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး
လူသားဖြစ်လာကြောင်း သိရသည်။ သူသည် ဇွန်လ၁၅ရက်နေ့ညတွင် မြူနှင်းများကျနေသော
ရေတံခွန်ပေါ်၌ ပေပေါင်း၁၈ဝဝ အကွာအဝေးကို ကြိုးတန်းလမ်းလျှောက်မှု
ပြုလုပ်ပြခဲ့ခြင်းဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ
ကနေဒါသို့လာရောက်ရာတွင်လည်း ခရီးစဉ်တစ်လျှောက်လုံး
လမ်းလျှောက်၍လာခဲ့ခြင်းဖြစ်သည်။ သူသည် ကြိုးတန်း၏ တစ်ဖက်စွန်းမှ
အခြားတစ်ဘက်စွန်းသို့ ရောက်ရှိရန်အတွက် ၂၅မိနစ်သာကြာခဲ့သည်။
သူလမ်းလျှောက်ပြခဲ့သည့် ကြိုးသည် သံမဏိကြိုးဖြစ်ပြီး
အချင်းနှစ်လက်မသာရှိသည်။
ref: Swesone Media Group
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။